DVB Logo
Home
မြန်မာသတင်း
အရက်မူးနေသည့် ခင်ပွန်းက ဇနီးဖြစ်သူနှင့်စကားများပြီး နေအိမ်မီးရှို့
DVB
·
March 22, 2017
အရက်မူးနေသည့် ခင်ပွန်းက ဇနီးဖြစ်သူနှင့်စကားများပြီး နေအိမ်မီးရှို့
Donate to DVB

 

ဟင်္သာတမြို့နယ်မှာ မတ်လ ၂၁ ရက်နေ့ ညက အရက်မူးနေသည့် ခင်ပွန်းက ဇနီးဖြစ်သူနဲ့ စကားများပြီး နေအိမ်ကို မီးရှို့ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငါးဖယ်ထူမြောက်စု ကျေးရွာမှာ မတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်လောက်က ဦးမောင်မောင်စိုး (၄၇)နှစ်သည် အရက်မူးပြီး  ဇနီးဖြစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ နေအိမ်ကို မီးရှို့ခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မီးလောင်တဲ့ သတင်းအရ ထလုတ္ထော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ သက်သေတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့ရာ ဟင်္သာတမြို့နယ် ငါးဖယ်ထူမြောက်စုကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဦးမောင်မောင်စိုး ဟာ အရက်မူးပြီး ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ကာ နေအိမ်ကို မီးခဲ့တဲ့အတွက် မီးလောင်ကျွမ်းခဲ့ပြီး ကျေးရွာနေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်တာကြောင့် ၁၅ မိနစ်လောက် အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ် ၁ လုံးမီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် ဦးမောင်မောင်စိုးကို တလုတ္ထော် နယ်မြေရဲစခန်း (ပ)၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013