DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း မြို့နယ်တချို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးများ စတင်ပိတ်
DVB
·
March 22, 2017
ပဲခူးတိုင်း မြို့နယ်တချို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးများ စတင်ပိတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာမှာ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူတွေအတွက် ဒီနေ့ မနက် ၈ နာရီမှစပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးများကို စတင်ပိတ်နေပြီလို့ သိရပါတယ်။

အခု မဲပုံးကိုပိတ်ပြီးတာနဲ့ ဒီနေ့ မတ် ၂၂ ရက်မှ မတ် ၃၁ ရက်ညနေ ၆ နာရီထိ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများမှာ မဲပေးလို့ ရနေပါပြီ။ မတ်လ ၃၀ နဲ့ ၃၁ ရက်တွေမှာတော့ ကြိုတင်မဲပေးဖို့ စာရင်းကြိုတင်ပေးထားတဲ့ သက်ကြီးရွယ်အိုတွေ နာမကျန်းတဲ့သူတွေရှိတဲ့နေရာကို ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေ၊ မဲရုံကိုယ်စားလှယ်တွေ အုပ်စုလိုက် အိမ်တိုင်ရာရောက် သွားရောက်ပြီး ကြိုတင်မဲကောက်ယူမှာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ခွဲများထံက သိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄) ဖြစ်တဲ့ ညောင်လေးပင်မြို့နယ်မှာ မဲရုံပေါင်း ၁၅၀ ရှိပြီး မဲပေးပိုင်ခွင့်ဦးရေ ၁၄၃၂၀၀ နဲ့ ကျောက်တံခါးမြို့နယ်မှာ မဲရုံပေါင်း ၂၀၂ ရုံရှိပြီး မဲပေးပိုင်ခွင့်ဦးရေ ၁၉၆၈၀၀ ရှိကာ နှစ်မြို့နယ်ပေါင်း မဲပေးပိုင်ခွင့်ဦးရေ ၃၄၀၀၀၀ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013