ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ် အိမ်အမှတ်(စ/၄၂၆) ဘူတာလမ်းသွယ်နေ ကျော်ဖြိုးအောင် (၂၄ နှစ်) ဟာ စိတ်ဖောက်ပြန်ပြီး သူရဲ့နေအိမ် အိပ်ခန်းကို မတ်၂၁ ည ၇ နာရီ ၄၀ မိနစ်က မီးရှို့ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့ရာနေအိမ်ကို မီးသတ်ကား ၃ စီး၊ သန္ဓေတပ်ဖွဲ့ ၁၀ ဦး၊ အရံတပ်ဖွဲ့ ၂၅ ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်လို့ ၇ နာရီ ၅၀ မိနစ်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။ မီးလောင်မှု့ကြောင့် ၇ သောင်းဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ကျော်ဖြိုးအောင်ကို မိုးကောင်းမြို့မရဲစခန်းက ပုဒ်မ-၄၃၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ခင်ဆွေ











