DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုတခု ဖျက်ဆီးခံရ
DVB
·
March 22, 2017
မြန်အောင်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုတခု ဖျက်ဆီးခံရ
1 / 4
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တဲကြီးကုန်းကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်တု မနေ့ညနေပိုင်းက ဖျက်စီးခံခဲ့ရပါတယ်။

အဆိုပါရုပ်တုကို ပြီးခဲ့တဲ့ ၂၀၁၆ ခု ဇွန်လ ၃ ရက်နေ့က ၀န်ကြီးချုပ်ကိုယ်တိုင် ဖွင့်ပွဲလုပ်ပေးခဲ့တဲ့ ကြေးရုပ်ဖြစ်ပြီး မနေ့မွန်းလွဲ ၃ နာရီခန်မှာ တဲကြီးကုန်ကျေးရွာနေ သူတဦးက ဖျက်စီးခဲ့တာလို့ မြန်အောင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ပြောပါတယ်။

“၂၁ ရက်နေ့ ၂ နာရီ ၄၅ မိနစ် လောက်က စိတ်မနှံ့သူတဦးက ဖျက်စီးတယ်လို့တော့ ကျမတို့ သိရတယ်။ စိတ်နှံ့ခြင်းမနှံ့ခြင်းကတော့ ကျမတို့ တရားစွဲဆိုမှသာ တရားရုံးရဲ့ အဆုံးအဖြတ်ကို ကျမတို့က သိရမှာဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြေးရုပ်ကို ဖျက်စီးသူက ဆည်ရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာက စိုးမင်းမင်း အသက်(၃၆)နှစ်ဖြစ်ပြီး ရွာသားတွေနဲ့  ရဲကင်းတာဝန်ရှိသူတွေ ဝိုင်းဝန်းဖမ်းဆီးရမိထားပါတယ်။

လတ်တလေ သူဟာ လက်မောင်းရိုးကျိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့လည်း ဒေါ်စုစုအောင်က ပြောပါတယ်။

“အခုလောလောဆယ်တော့ သူက သူ့ဘာသူ ကျောက်ခွံပေါ်က ပြုတ်ကျတယ်ထင်တယ်။ လက်မောင်းရိုးကျိုးတော့  ဆေးရုံမှာ အခုရဲတွေနဲ့ သံကြိုးခတ်ပြီးတော့ ဆေးရုံတင်ထားရပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့မှာ ဗိုလ်ချုပ်ကြေးသွန်းရုပ်တု ဖွင့်လင့်ပြီး ညတွင်းချင်းမှာပဲ ခေါင်းဖြတ်ခံခဲ့ရမှုဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - သန်းထိုက်မြင့်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013