DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် နာမည်ကြီးအဆိုတော်များ လာရောက်မဲဆွယ်
DVB
·
March 21, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် နာမည်ကြီးအဆိုတော်တွေ မတ် ၂၁ ရက်က လာရောက်မဲဆွယ်စည်းရုံးဖျော်ဖြေသွားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဖြစ်တဲ့ လစ်လပ်မဲဆန္ဒနယ်အမှတ် (၄) မှာ အောင်နိုင်ရေးအတွက် ဒါရိုက်တာကြည်ဖြူသျှင်၊ ကော်နီ၊ ချောစုခင်၊ တူးတူး၊ အနဂ္ဂ စတဲ့ နာမည်ကြီး အဆိုတော်တွေ မဲဆွယ်စည်းရုံးဖျော်ဖြေနေကြသလို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းနဲ့ ခရိုင်အလုပ်အမှုဆောင်တွေ၊ ပဲခူးတိုင်းထဲရှိ လွှတ်တော်ကိုယ်စားလှယ်တွေက ဝိုင်းဝန်းမဲဆွယ်စည်းရုံးနေကြ တာလည်း ဖြစ်ပါတယ်။

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် လစ်လပ်နေရာအတွက် ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ် နှစ်မြို့နယ်ပေါင်း ကျင်းပရမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ၊  အမျိုးသားတိုးတက်ရေးပါတီ စတဲ့ ပါတီ ၆ ခုက ကိုယ်စားလှယ်လောင်းတွေ  ဝင်ရောက်အရွေးခံကြမှာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013