DVB Logo
Home
မြန်မာသတင်း
ခေတ်ပေါ်ကဗျာကို အမျိုးသားစာပေဆု ချီးမြှင့်ပေးရန်နှင့် ကျောင်းသင်ရိုးတွင်ပြဌာန်းပေးရန် တောင်းဆို
DVB
·
March 21, 2017
ခေတ်ပေါ်ကဗျာကို အမျိုးသားစာပေဆု ချီးမြှင့်ပေးရန်နှင့် ကျောင်းသင်ရိုးတွင်ပြဌာန်းပေးရန် တောင်းဆို
Donate to DVB

မတ်လ ၂၁ ရက်နေ့က ပျဉ်းမနားမြို့မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ကဗျာနေ့အခမ်းအနားနဲ့ အလယ်ရိုးမကဗျာ ဆုပေးပွဲမှာ ပျဉ်းမနားမြို့ဒေသခံ အလယ်ရိုးမကဗျာဆရာအဖွဲ့က တောင်းဆို ပါတယ်။

အခုလိုတောင်းဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂကလည်း ခြွင်းချက်မရှိ ထောက်ခံပြီး ကန့်ကွက်ဖို့ လုံးဝမရှိဘူးလို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ မြို့နယ်အနှံ့က ကဗျာဆရာတွေကလည်း ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဒေသခံ ကဗျာဆရာ မောင်ကြူးရင့်က ဆိုပါတယ်။

ဒါအပြင် ခေတ်ပေါ်ကဗျာတွေကို အလယ်တန်း၊ အထက်တန်းကနေ တက္ကသိုလ်အဆင့်ထိ ထည့်သွင်းပြဌာန်း ပေးဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့ကဗျာနေ့အခမ်းအနား၊ ၂၀၁၆ ခုနှစ် အလယ်ရိုးမ ကဗျာဆုပေးပွဲ အခမ်းအနားအနဲ့အတူ ပျဉ်းမနားမြို့ခံ ကဗျာဆရာကြီး မောင်သင်းခိုင်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ကိုလည်း တပေါင်းတည်းပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013