DVB Logo
Home
မြန်မာသတင်း
မုံရွာသင်္ကြန် မဏ္ဍပ်တိုင်းတွင် လုံခြုံရေးတင်းကျပ်မည်
DVB
·
March 21, 2017
Donate to DVB

မုံရွာမြို့မှာ သင်္ကြန်ပွဲတော်ကာလတွင်း ရာဇဝတ်မှု မဖြစ်ပွားစေရန် မြို့အနှံ့နေရာတွေနဲ့ မဏ္ဍပ်တွေမှာ လုံခြုံရေးတင်းကျပ်စွာ ချထားရှိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သင်္ကြန်ပွဲတော်ကာလအတွင်း မြို့တွင်းရှိ မဏ္ဍပ်တိုင်းမှာ လုံခြုံရေးအတွက် တိုင်း၊ ခရိုင်နဲ့ မြို့နယ်အတွင်းက ရဲတပ်ဖွဲ့အင်အားများကို အသုံးပြုသွားမှာဖြစ်တယ်လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ယုလွင်က ပြောပါတယ်။

“သင်္ကြန်ပွဲတော်ကာလအတွင်းမှာ တိုင်းရဲတပ်ဖွဲ့ရုံးက အင်အားတွေနဲ့ ကျနော်တို့ မြို့နယ်တပ်ဖွဲ့က အင်အားတွေ ပူးပေါင်းပြီး လုံခြုံရေးပေးသွားမှာပါ။ နောက်ပြီး အဲဒီရက်တွေမှာလည်း အသိပညာပေးတာတွေလည်းလုပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အများပြည်သူ ထိခိုက်စေမယ့် လုပ်ရပ်တွေနဲ့ ကျူးလွန်လာတဲ့ ရာဇဝတ်မှုတွေကိုတော့ ဖမ်းဆီးအရေးယူသွားမှာပါ။ နောက်ပြီး သရုပ်ပျက် ဆိုင်ကယ်တွေနဲ့ အိတ်ဇောဖွင့် မောင်းနှင်တဲ့ ဆိုင်ကယ်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကြိုတင်စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

မုံရွာမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ မတ်လ ၁ ရက်နေ့မှ စတင်ပြီး သင်္ကြန်အကြိုကာလမှာလည်း မှုခင်းကျဆင်းစေဖို့ မြို့နယ်အတွင်းရှိ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လိုက်လံ အသိပညာပေးမှုတွေလည်း ပြုလုပ်နေသလို ရဲတပ်ဖွဲ့ ဖုန်းနံပါတ်တွေကိုလည်း ဖြန့်ဝေပေးနေပါတယ်။

မုံရွာမြို့မှာ သင်္ကြန်ကာလအတွင်း ပြိုင်ပွဲဝင်မဏ္ဍပ် ၈ ခုရှိကြောင်း အကြမ်းဖျင်းသိရပြီး ရေကစားမဏ္ဍပ်တွေကိုလည်း ရပ်ကွက်တိုင်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013