DVB Logo
Home
မြန်မာသတင်း
စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
March 21, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ မတ်လ ၁၉ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါ တယ်။

မတ် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ရေဖြူမြို့နယ် ကျောက်ကညာကျေးရွာနေ ညီပုရဲ့ နေအိမ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ ၀င်ရောက်ရှာဖွေရာ ညီပုနဲ့အတူ ကိုရဲဝဏ္ဏကျော်၊ ဟိန်းသူရဇော်၊ ညီငယ်တို့ကို တွေ့ရှိရပြီး  အနီးမှ မူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ သိန်းခွဲခန့်)နဲ့ ငွေကျပ် ၅ သိန်းကျော် ဖမ်းဆီးရမိခဲ့တာပါ။

ကွင်းဆက်အရ ညီငယ်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ ပစ္စတိုသေနတ် တလက်၊ ၉ မမကျည် ၁၅၇ တောင့်နဲ့ ကျည်အိမ် ၂ ခု၊ ခြောက်လုံးပြူးသေနတ် တလက်နဲ့  ကျည် ၂ တောင့်၊ ပွိုင့်-၂၂ သေနတ် တလက်နဲ့ ကျည် ၈၀၀ တောင့်နဲ့ ကျည်အိမ် ၂ ခု၊ နှစ်လုံးပြူးသေနတ် တလက်နဲ့ ကျည်တတောင့်တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ရေဖြူမြို့နယ်ရဲစခန်းနဲ့ ကော့သောင်းမြို့မရဲစခန်းတို့မှာ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013