DVB Logo
Home
အနုပညာ
လွတ်လပ်ခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး
DVB
·
January 4, 2012
လွတ်လပ်ခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး
Donate to DVB

ဒီက​နေ့​ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​နေ့​မှာ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး​သွား​ပါတယ်။

[caption id="attachment_19658" align="alignleft" width="300" caption="photo-maung thura facebook"][/caption]

ရန်ကုန်မြို့​ ပြည်လမ်း​မ​ပေါ်ရှိ ​တော်ဝင်စင်တာမှာ ဒီက​နေ့​ ကျင်း​ပတဲ့​ ပထမဆုံး​အကြိမ် လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ပိတ်ပွဲနဲ့​ ဆု​ပေး​ပွဲမှာ ဆန်ကာတင် ၅၄ ကား​ထဲက ဆုရရှိသူ ၅ဦး​ကို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ဆုချီး​မြှင့်​ပေး​အပ်ခဲ့​ပါတယ်။

ဆင်ဆာအဖွဲ့​ကို တင်ပြခြင်း​မရှိဘဲ လွတ်လပ်စွာ ဖန်တီး​ခွင့်​ ရထား​တဲ့​ ပြိုင်ပွဲဝင်ဇာတ်ကား​ ၁၈၀ ​ကျော်ထဲက ၅၄ ကား​ကို ဆန်ကာတင်​ရွေး​ချယ်ကာ ပြည်သူ​တွေကို ဇန်နဝါရီ ၁ ရက်က​နေ ၃ ရက်​နေ့​အထိ အခမဲ့​ ပြသခဲ့​ပြီး​ ဒီက​နေ့​ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​နေ့​မှာ ဆု​ပေး​အပ်ချီး​မြှင့်​ခဲ့​တာပါ။

ပထမဆုံး​အကြိမ် ကျင်း​ပတဲ့​ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ကို ဦး​ဆောင်သူ​တွေထဲက တဦး​ ဖြစ်တဲ့​ ကိုဇာဂနာ ​ခေါ် ဒါရိုက်တာ ​မောင်သူရက အခမ်း​အနား​ အတွင်း​က​နေ ဆုရရှိသူ ငါး​ဦး​ကို အခုလို ​ပြောပြပါတယ်။

“အ​ကောင်း​ဆုံး​ မှတ်တမ်း​ရုပ်ရှင်ဆုကို ဒါရိုက်တာ ​စိုင်း​ကျော်ခိုင်ရိုက်ကူး​တဲ့​ ‘Click In Fear’ ဆိုတဲ့​ ဇာတ်ကား​ သိပ်​ကောင်း​ပါတယ်။ သူရရှိသွား​ပါတယ်။ အ​ကောင်း​ဆုံး​ ဇာတ်လမ်း​တို ရုပ်ရှင်ဇာတ်ကား​ဆုကို ဒါရိုက်တာ မင်း​သိုက် ရိုက်တဲ့​ ‘ကြိုး​’ဆိုတဲ့​ကား​ ရရှိသွား​ပါတယ်။ အရမ်း​ကောင်း​ပါတယ်။ ကျ​နော်တို့​ ရင်ထဲကို ​တော်​တော်ထိပါတယ်။ ပရိသတ်​တွေလည်း​ သိပ်ကြိုက်ကြပါတယ်။ အ​ကောင်း​ဆုံး​ animation ဆုကို​တော့​ ​ဇော်ဘိုဘိုဟိန်း ရိုက်ကူး​တဲ့​ ‘Freedom and Unity’ ဆိုတဲ့​ ကား​က ရပါတယ်။ အ​ကောင်း​ဆုံး​ လူငယ် မျက်နှာသစ်ဆုကို​တော့​ ‘Still In The Dark’ အ​မှောင်ထဲမှာ ရှိ​နေဆဲပဲ ဆိုတဲ့​ ဇာတ်ကား​ကို ဒါရိုက်တာ ​အောင်​ဇော်မိုး​ ငယ်ငယ်​လေး​ပဲ ရှိပါ​သေး​တယ်။ အသက် ၁၉ နှစ်ပါ။ သူရရှိသွား​ပါတယ်။ ပရိသတ် ကြိုက်နှစ်သက်ဆုံး​ဆုကို ဒါရိုက်တာ ဝိုင်း​ရဲ့​ ‘ဒီအခန်း​ဖြတ်’ ဇာတ်ကား​က ရရှိသွား​ပါတယ်။ ပရိသတ်​တွေ မဲ​ပေး​တာကို ​ရွေး​ချယ်ပြီး​မှ ဆု​ပေး​တာပါ။ မဲ​ပေး​တဲ့​ အ​ရေအတွက်က ၁၀၂၅၄ မဲ ရှိတဲ့​အထဲမှာ ဝိုင်း​ရဲ့​ အဲဒီအခန်း​ဖြတ်ဇာတ်ကား​ကို မဲ​ပေး​ခဲ့​တာက ၇၀၁၁ မဲ ရှိပါတယ်။ ဒါ​ကြောင့်​မို့​ ပရိတ်သတ် အကြိုက်ဆုံး​ ဆုကို​တော့​ ဒါရိုက်တာဝိုင်း​က အဲဒီအခန်း​ဖြတ်နဲ့​ ရရှိသွား​တာပါခင်ဗျာ။”

လွတ်လပ်ခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး​သွား​ချိန်မှာ လွတ်​မြောက်ခြင်း​ မရှိ​သေး​တဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေအတွက် ကိုဇာဂနာက သူ့​ရဲ့​ ခံစား​ချက်ကို အခုလို ထုတ်​ဖော် ​ပြောဆိုသွား​ပါတယ်။

“အခုပဲ အခမ်း​အနား​က​တော့​ ​အောင်​အောင်မြင်မြင်နဲ့​ ပြီး​ဆုံး​သွား​ပါပြီ။ ဒါ​ပေမယ့်​ လွတ်လာခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော်အစား​ လွတ်မလာခြင်း​ ရုပ်ရှင်ပွဲ​တော်လို့​တောင် လုပ်လာဖို့​ ​ကောင်း​တယ်။ အမှန်​တော့​ ကျ​နော့်​ သူငယ်ချင်း​တွေ လွတ်လာမယ်လို့​ ​မျှော်လင့်​ပြီး​တော့​ အဲဒီညမှာ ကျ​နော်က သူတို့​ကို ကြိုဆိုတဲ့​ အ​နေနဲ့​ စင်​ပေါ်က​နေ အငြိမ့်​ကပြီး​ ဂုဏ်ပြုချင်တာဗျ။ အခု​တော့​ မကပြနိုင်​တော့​ဘူး​။ ​တော်​တော်ကို စိတ်မ​ကောင်း​စရာပဲဗျာ။”

ဒီက​နေ့​ပြုလုပ်မယ့်​ ပိတ်ပွဲ အခမ်း​အနား​မှာ ဇာဂနာ ဦး​ဆောင်တဲ့​ မြပုဏ္ဏမာနဲ့​ သီး​လေး​သီး​ ​ဆေး​ရောင်စုံအငြိမ့်​နဲ့​ တင်ဆက်ကပြ သွား​မယ်လို့​လည်း​ သိရပါတယ်။

ဒီလ ၂၁ ရက်နဲ့​ ၂၂ ရက်​နေ့​မှာ စင်္ကာပူနိုင်ငံ​ရောက် မြန်မာလူမျိုး​များ​ ရသအလင်း​ ​ဖောင်​ဒေး​ရှင်း​က ဦး​ဆောင်ကျင်း​ပတဲ့​ ရုန်း​ကန်ခြင်း​အလှပွဲမှာလည်း​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​ ရိုက်ကူး​တဲ့​ အင်း​သီး​ မှတ်တမ်း​ရုပ်ရှင်ဇာတ်ကား​ အပါအဝင် ဆုရရှိတဲ့​ ငါး​ကား​ကို ပြသသွား​မှာ ဖြစ်ပြီး​ က​မ္ဘောဒီး​ယား​နိုင်ငံက meta house ရုပ်ရှင်သင်တန်း​ကို ဆုရရှိတဲ့​ ဒါရိုက်တာ​တွေကို ပို့​ပေး​မယ်လို့​လည်း​ သိရပါတယ်။

ဒါ့​အပြင် ဆုရရှိတဲ့​ ၅ ဦး​ထဲက ၃ဦး​ကိုလည်း​ ဂျာမဏီလူမျိုး​ ဒါရိုက်တာ နစ်ကိုက သင်တန်း​ပို့​ချပြီး​ ​ငွေ​ကြေး​ကုန်ကျခံ ရိုက်ကူး​မယ့်​ ကား​အသစ် ၃ ကား​နဲ့​ နိုင်ငံတကာ ရုပ်ရှင်ပွဲ​တော်​တွေမှာ ဝင်​ရောက် ယှဉ်ပြိုင်သွား​မယ်လို့​ ဦး​ဆောင်ကျင်း​ပသူ တဦး​ဖြစ်တဲ့​ ဒါရိုက်တာ ​မောင်သူရက ​ပြောပါတယ်။

ဆုမရရှိတဲ့​ ပြိုင်ပွဲဝင် ဒါရိုက်တာ အ​ယောက် ၂၀ ကိုလည်း​ အ​မေရိကန်က ဒါရိုက်တာ သုံး​ဦး​က ဇန်နဝါရီလ ၁၅ ရက်​နေ့​က​နေ ၂၉ ရက်​နေ့​အထိ short flim နဲ့​ documentry flim သင်တန်း​ ရန်ကုန်မှာ သင်တန်း​ပို့​ချ​ပေး​မယ်လို့​ သိရပါတယ်။

အနုပညာနဲ့​ နိုင်ငံ​ရေး​ ဆိုတာလည်း​ ဆက်စပ်​နေတဲ့​အတွက် ဒီအနုပညာနဲ့​ တိုင်း​သူပြည်သား​တွေကို မျက်စိ​ရောနား​ပါ ဖွင့်​ပေး​နိုင်ဖို့​ လွတ်လပ်ခြင်း​ အနုပညာပွဲ​တော်ကို ကျင်း​ပခဲ့​တာဖြစ်ပြီး​ အား​လုံး​ရဲ့​ တတ်စွမ်း​သမျှ အနုပညာအား​လုံး​ကို တိုင်း​ပြည်နိုင်ငံ​ရေး​ရဲ့​ ပြုပြင် ​ပြောင်း​လဲ​ရေး​ အတွက်ကို အ​ထောက်အပံ့​ ​ပေး​လိမ့်​မယ်လို့​ ယုံကြည်​ကြောင်း​လည်း​ ကိုဇာဂနာက ​ပြောဆိုသွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013