DVB Logo
Home
မြန်မာသတင်း
ငွေကျပ် သိန်း ၃၀၀၀ ကိစ္စ ဂျွန်လွင် ရှင်းပြီ (ရုပ်သံ)
DVB
·
March 21, 2017
ငွေကျပ် သိန်း ၃၀၀၀ ကိစ္စ ဂျွန်လွင် ရှင်းပြီ (ရုပ်သံ)
Donate to DVB



ပြည်သူ့ရင်ပြင်မှာ မတ် ၁၈ ရက်က ကျင်းပခဲ့တဲ့ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျွန်လွင်က ကျပ်သိန်း ၃,၀၀၀ ကို အလွဲသုံးစားပြုလုပ်ခဲ့တယ်ဆိုတဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ မတ် ၁၉ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် တုံ့ပြန်ပြောပါတယ်။

“တကယ်တမ်းကျတော့ ပွဲကို Bella က စပွန်ဆာပေးတာ ၅၀၀၀ သတ်မှတ်တယ်ပေါ့နော်။ သိန်း ၂၀၀၀ ကို Bella က အစည်းအရုံးကို လှူပြီးသွားပြီ။ ၃၀၀၀ ကို ကျနော်တို့ ပွဲကျင်းပဖို့ သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် ကျနော့်ကို Bella က ကြိုတင်ငွေအနေနဲ့ သိန်း ၁၂၀၀ အရင်ပေးလိုက်တယ်။ ကျနော်တို့က ကျသင့်သလောက်ကို ပြန်ရှင်းပြီး တင်ရမှာပေါ့။ ဒါပေမယ့် ကျနော် လုပ်လိုက်တဲ့ပွဲက သိန်းက ၂၀၀၀ တောင် မပြည့်ဘူး။ အဲဒီတော့ ဒီနေ့မနက် မဝေသစ်လွင်က ဆက်လာတယ်။ သူတို့သတ်မှတ်ထားတဲ့ သိန်း ၃၀၀၀ ပေါ့နော်။ သူတို့ဘက်က ကုန်ကျစရိတ် နည်းနည်းပါးပါး ပေါင်းလိုက်မယ်ဆိုရင် ၁၀၀၊ ၂၀၀ လောက် ရှိသွားမယ်ပေါ့နော်။ သူတို့က စာအုပ်ရိုက်ပေးတာရှိမယ်။ ဖိတ်စာရိုက်ပေးတာရှိမယ်။ ရင်ထိုးဖိုးလေးတွေရှိမယ်။ ဘာတွေလဲမသိဘူး။ အဲဒီလို Cost တွေတော့ ရှိမှာပေါ့နော်။ ကျနော့်ဘက်နဲ့ မဆိုင်တာတွေပေါ့။ အကုန်လုံး ပေါင်းလိုက်ရင်တော့ သိန်း ၂၀၀၀ ကျော်ကျော်လောက် ဖြစ်ရင်လည်း ဖြစ်မယ်ပေါ့နော်။ တကယ်လို့ အဲဒီလိုမျိုး မဖြစ်ခဲ့ဘူးဆိုရင် ပိုနေတဲ့ပိုက်ဆံ ၁၀၀၀ ပြည့်အောင် ဖြည့်ပြီးတော့ ဇာတ်ပို့၊ ဇာတ်ရံတွေနဲ့ ကိုလူချောအဖွဲ့တွေအတွက် ကျန်းမာရေးတွေ၊ ပညာရေးတွေပေါ့နော်။ သူတို့အတွက် ဖောင်ဒေးရှင်းလိုမျိုး ပိုက်ဆံကို ဘဏ်ထဲမှာ မတည်ထည့်ပေးဖို့ Bella က သူဌေး မဝေသစ်လွင်က ပြောလာတယ်။”

“အဲဒါ ကျနော်က သိန်း ၃၀၀၀ ယူသွားတယ်ဆိုတော့ ပြောနေတဲ့လူတွေက ဦးနှောက်မရှိဘူးလား မသိဘူး။ ပွဲကြီးတပွဲလုပ်ရအောင် သိန်း ၃၀၀၀ လောက် ကုန်သွားရအောင် ကျနော်က ပြည်သူ့ရင်ပြင်ကြီးကို ဝယ်ပြီးတော့လည်း လုပ်တာလည်းမဟုတ်ဘူး။ ကျနော် ဆယ်နှစ်ဆယ်မိုး ပွဲလုပ်လို့ရအောင် ငှားတဲ့ စရိတ်တွေနဲ့လည်း မဟုတ်ဘူး။ ဒီနေရာကလည်း အစိုးရဆီက အလကားရတယ်။ ခြံစည်းရိုးခတ်ရတယ်။ ကုန်ကျစရိတ်တွေကတော့ များတယ်။ ဒီဂျေပွဲတွေလုပ်ရင် နိုင်ငံခြားမှာ We are connected ပွဲ လုပ်ခဲ့တယ်ဆိုရင် နိုင်ငံခြားကုမ္ပဏီကို ဒေါ်လာ ၃ သိန်းခွဲ ပေးရတယ်။ အဲဒါပဲ မြန်မာငွေ သိန်း ၄၀၀၀ ကျော် ဖြစ်နေပြီ။ ကုန်ကျစရိတ်အနေနဲ့ ဘာတွေရှိသေးလဲဆိုတော့ စင်ဆောက်တာတွေ၊ မီးဖိုးတွေ၊ အသံဖိုးတွေ။ အဲဒီတုန်းက မီးဖိုး၊ အသံဖိုးက ငြမ်းဆောက်တာနဲ့တင် သိန်း ၁၀၀၀ လောက် ကုန်နေပြီ။ အဲဒီပွဲမှာဆိုရင် အများကြီး ဆုံးရှုံးခဲ့တယ်။ အဲဒီလို ဒီဂျေပွဲတွေမှာဆို သိန်း ၅၀၀၀၊ ၆၀၀၀ လောက် ကုန်တာ။ ဘယ်သူမှ မသိကြဘူး။ လက်မှတ်ဈေးက ၃ သောင်း၊ ၄ သောင်း ရောင်းရင် ဈေးကြီးတယ်သာ ပြောတာ။ သူတို့လည်း အဲဒီလိုပဲ ရောင်းမှာပဲလေ။ ဘာလို့လဲဆိုတော့ ကုန်ကျစရိတ်က အများကြီး ရှိတာကိုး။”

“ဟိုရှေးခေတ်ကလိုမျိုး မီးဘုတ်တချပ်ထောင်ပြီး လုပ်တဲ့ပွဲမျိုး မဟုတ်တော့ဘူး။ မီးတွေ၊ အသံတွေ ငှားတယ်။ LED တွေ ငှားတယ်။ ခုံငှားခချည်းပဲ သိန်း ၇၀၊ ၈၀ လောက် ကုန်သွားတယ်။ ခုံက အလုံး ၃၀၀၀ လေ။ တလုံးကို ၂၃၀၀ နဲ့ ငှားတယ်။ အဲဒီလိုမျိုး ကုန်ကျစရိတ်တွေ ရှိတယ်။ အဲဒါတွေကျ လူတွေက နားမလည်ဘူး။ အလုပ်သမားစရိတ်တွေ ရှိတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ရှိတယ်။ ကားတွေနဲ့ တိုက်ရတာတွေ ရှိတယ်။ ဗွီနိုင်းတွေ ထုတ်ရတယ်။ ဒါတွေက သူတို့တွေက ထိုင်ပြီးတော့ အဲဒီလိုမျိုး comment လုပ်နေတဲ့သူတွေက ဘတ်စ်ကားဂိတ်မှာ အလုပ်မရှိဘဲ အားယားနေလို့ ထိုင်ပြောနေတဲ့သူတွေလို့ ကျနော်ထင်တယ်။ ဒီလိုမျိုးလောကကို ကျင်လည်နေတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေကတော့ ဒါမျိုးတွေ ပြောလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။”

အကယ်ဒမီပေးပွဲကို စီစဉ်ကျင်းပပေးခဲ့တဲ့ ပွဲတာဝန်ခံ ကိုဂျွန်လွင်နဲ့ Bella တို့က ငွေစာရင်းရှင်းလင်းမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013