DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းများ မဲပေးနိုင်ရန် မဲဆန္ဒရှင်အသိပညာပေးသင်တန်း မျက်မမြင်ကျောင်းတွင် ပြုလုပ်
DVB
·
March 21, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ရောင်ခြည်သစ် မျက်မမြင်ပညာသင်ကျောင်းမှာ မတ် ၂၁ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး  မဲဆန္ဒရှင် အသိပညာပေးသင်တန်း ပြုလုပ်ပါတယ်။

အဆိုပါ သင်တန်းကို မသန်စွမ်းသူတွေလည်း လူသားတိုင်း ရသင့်ရထိုက်တဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရရှိအောင်၊ မဲပေးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်အောင်၊ မဲတပြားရဲ့ အရေးပါမှုတွေ သိအောင် အခုလို အသိပညာပေးသင်တန်း ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့က ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို အန်အယ်လ်ဒီ၊ တစည၊ ပြည်ခိုင်ဖြိုး၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ပြည်သူ့ဒီမိုကရေစီပါတီ စတဲ့ ၅ ပါတီက ပါတီကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မုံရွာမြို့မှာ မဲရုံပေါင်း ၁၅၉ ရုံ ရှိပြီး မဲပေးနိုင်သူဦးရေ ၂ သိန်း ၄ သောင်းကျော် ရှိပါတယ်။

ပထမအကြိမ် မဲစားရင်းကြေညာတဲ့အချိန်က ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းပါးပြီး အမှားပြင်ဆင်သူ ၁ သောင်းဝန်းကျင်သာ ရှိခဲ့ပါတယ်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေငြာတဲ့အချိန်မှာတော့ မဲစာရင်းလာကြည့်သူတွေ များလာတယ်လို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်စာရင်းမှာ မပါလို့ မဲမပေးခဲ့ရတဲ့ မသန်စွမ်းတွေလည်း ရှိခဲ့ပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013