DVB Logo
Home
မြန်မာသတင်း
မြေပဒေသာကျွန်းက စနေဈေးခင်း အမြဲတမ်းဆိုင်အဖြစ် ဖွင့်မည်
DVB
·
March 21, 2017
Donate to DVB

ဓာတုလွတ် ဟင်းသီးဟင်းရွက်တွေကို မြေပဒေသာကျွန်းမှာ အပတ်စဉ် ရောင်းချနေတဲ့ စနေဈေးခင်းကို ရန်ကုန်မြို့၊ အလုံမြို့နယ် သစ်တောလမ်း အမှတ် ၄၂ မှာ အမြဲတမ်းဆိုင်အဖြစ် လာမယ့် စနေနေ့က စတင်ဖွင့်လှစ်ရောင်းချဖို့ ရှိနေပါတယ်။

အမြဲတမ်းဆိုင်အဖြစ် ဖွင့်လှစ်ရောင်းချရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး Save food Save Farm Myanmar Group ဈေးကွက်ဖွံ့ဖြိုးရေးတာဝန်ခံ ဒေါ်သီတာထွန်းက “ဓာတုလွတ်စိုက်ချင်တဲ့သူတွေနဲ့ စားချင်တဲ့သူတွေကို ပေါင်းကူးပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ကာ အသိအမှတ်ပြုလက်မှတ်တွေ မရှိပေမယ့် စိတ်ချယုံကြည်ရတဲ့  ဟင်းသီးဟင်းရွက်စိုက် တောင်သူတွေနဲ့ ပူးပေါင်းကာ ဓာတုလွတ် ဟင်းသီးဟင်းရွက်တွေကို မြေပဒေသာကျွန်းမှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

“ရုံးပိတ်ရက်လေးတွေ အဆင်ပြေရင် ဒီမှာပဲ(မြေပဒေသာကျွန်း)လာအားပေးတယ်။ ဒီမှာကတော့ စိတ်ချရတယ်လေ။ ဈေးလည်း အနည်းလေး ကွာရုံကလွဲလို့ ဒီမှာက အဆင်ပြေပါတယ်” လို့ Save food Save farm မှ ဟင်းသီးဟင်းရွက် လာရောက်ဝယ်ယူတဲ့ မခင်ဆွေဆွေဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ဓာတုပစ္စည်းပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားသုံးတာနဲ့  စိုက်ပျိုးရေးသုံး ဆေးဝါးတွေကို စနစ်တကျသုံးစွဲနိုင်မှု အားနည်းတာတွေလည်း ပါဝင်တယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိပါတယ်။

သတင်း- ရူပါအောင်ဝင်း၊ ဓာတ်ပုံ- save food save farm

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013