DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း ဝန်ထမ်းအိမ်ရာ အပ်ပြီး ၁ နှစ်ခွဲကြာသည့်တိုင် ပြန်ပြင်ရန်လိုအပ်သဖြင့် နေလို့မရသေး
DVB
·
March 21, 2017
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လူနေတိုက်ခန်း ၁၂ ခန်းပါ တိုက်တလုံးကို ၁၄၈၄ သိန်းတန်ဖိုးနဲ့ ကုမ္ပဏီတွေကို ကန်ထရိုက်စနစ်ပေးပြီး တိုက် ၄ လုံး ဆောက်လုပ်စေခဲ့ရာ ၂၀၁၅ အောက်တိုဘာလက  အပြီးအပ်နှံစေခဲ့ပါတယ်။

ပညာရေးဝန်ထမ်းတွေအတွက် ဦးစားပေး နေရာချထားတဲ့ အမှတ်-၂ တိုက်ဆောင်ဟာ တနှစ်ခွဲကြာမြင့်ပေမယ့် ပြင်ဆင်ဖို့ လိုအပ်နေသေးတာကြောင့် ပညာရေးဝန်ထမ်းတွေ နေထိုင်လို့မရသေးဘူးလို့ မန္တလေးမြို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကပြောပါတယ်။

“ကျနော်တို့ဆီကို ကုမ္ပဏီက ပြီးပြီဆိုပြီး အပ်တဲ့အချိန်မှာ လျှပ်စစ်မီး မရှိသေးဘူး။ လျှပ်စစ်မီးရအောင် လုပ်နေရင်း ၂၀၁၆ မေလမှာ လေပြင်းတိုက်သွားတယ်။ အမိုးတွေ လန်ကုန်တယ်။ ပြန်ပြင်ရတယ်။ လူမနေတော့ တိုက်ခန်းတွေ ပျက်လာတယ်။ ကုမ္ပဏီနဲ့စာချူပ်ထားတာက နှစ်နှစ်အတွင်း ပြန်ပြင်ပေးရမယ်လို့ပါတော့ ကုမ္ပဏီက မပြင်ပေးရင် ဘလက်လစ်သွင်းပြီး နေလို့ဖြစ်အောင် ပြင်ပေးမယ်။ အဲဒီတိုက်တွေ လိုတာတွေ ပြန်လုပ်ရအောင် ဒုညွှန်မှူးကို လွှတ်ပြီး လုပ်ခိုင်းထားတယ်”

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်ကတော့ ကုမ္ပဏီက ပြန်ပြင်မပေးရင် အမည်ပျက်စာရင်းသွင်းပြီး  တိုင်းဒေသကြီးအစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တင်ပြထားတယ်လို့  ပြောပါတယ်။

ပညာရေးဝန်ထမ်းတွေကတော့ အဆိုပါတိုက်ခန်းတွေမှာ သွားရောက်နေထိုင်သူတွေရှိသလို တိုက်ခန်းတွေပြင်ဆင်ပြီးစီးချိန်အထိ စောင့်ဆိုင်းနေသူတွေလည်းရှိပါတယ်။

“အပြင်မှာ အိမ်ငှားခတွေက ဈေးကြီးတော့ ဌာနက သတ်မှတ်တဲ့အခန်းမှာ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ နေလိုက်ပြီ” လို့  ပညာရေးဝန်ထမ်း ဒေါ်ချိုချိုသန်းထွန်းက ပြောပါတယ်။

“ကျနော်ကတော့ ဒီတိုက်မှာ နေချင်နေပြီ”လို့ ကျောင်းအုပ်ဦးချစ်ဆန်းပိုက ပြောပါတယ်။

ဝန်ထမ်းအိမ်ရာ တိုက် ၄ လုံးပြီးပြီလို့ ဆိုပေမယ့် ပညာရေးဝန်ထမ်းတွေအတွက် ချထားတဲ့ အမှတ်-၂ တိုက်ဆောင်မှာ ပြန်ပြင်ဖို့ လိုအပ်နေပါတယ်။ တိုက်ခန်းမှာ အဓိကကျတဲ့ သောက်သုံးရေရရှိဖို့ အတွက် ရေတွင်းတူးထားပေမယ့်လည်း မသုံးဖြစ်လို့ ရေမထွက်ဘူးလို့ သိရပါတယ်။

ကျန်တိုက်ဆောင် ၃ ခုကတော့  အသေးစား ပြင်ဆင်တာတွေကို အခြားဌာနဝန်ထမ်းတွေက ဖြည့်စွက်လုပ်ကိုင်ပြီး  နေထိုင်နေကြရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013