DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်က ရွှေထွက်ရာဒေသကိုမသွားရန် တားမြစ်မိန့် ထုတ်ပြန်
DVB
·
March 21, 2017
ရွှေကျင်မြို့နယ်က ရွှေထွက်ရာဒေသကိုမသွားရန် တားမြစ်မိန့် ထုတ်ပြန်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာ-ရွှေထွက်ရှိရာနေရာမှာ ရွှေတူးဖော်နေတဲ့ ဒေသခံရွာသားဦး သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း အဲဒီနေရာမှာ လာရောက် ရွှေမတူးကြဖို့ အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

မတ် ၁၈ ရက်အခင်းဖြစ်တဲ့နေ့ ညနေပိုင်းကစပြီး ရွှေမတူးတော့ဖို့ ရပ်ဆိုင်းခိုင်းလိုက်ပြီး ဒီနေ့ တရားဝင် တားမြစ်စာနဲ့ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောပါတယ်။

“သူတို့ လူသေမှုဖြစ်ပြီးတော့ နောက်ဆက်တွဲ ဒုတိယဖြစ်စဉ်မျိုးတွေ လူတွေက အုပ်စုလိုက် ဖြစ်လာလို့ရှိရင် အန္တရာယ်တွေများလို့ ကျနော်တို့ ပိတ်လိုက်တာပါဗျာ။ ဟိုတနေ့ကတော့ လူအုပ်စု လိုက်ဝင်လို့ တားမြစ်ထားတာပါ။ ကျနော်တို့ အဲဒီ နေရာမှာ ဘယ်သူ့မှ မ၀င်ရ တားမြစ်မိန့် ထုတ်တော့မှာပါဗျာ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အောင်ခလိန်ကျေးရွာမှာ ရွှေတွေထွက်ရှိနေတာကြောင့် ဒေသခံ ရွာသူ ရွာသားတွေနဲ့ အနီးအနားပတ်ဝန်းကျင်မှ ပြည်သူတွေ အဆိုပါရွှေထွက်ရှိရာနေရာကို သွားရောက်တူး ဖော်နေကြတာဖြစ်ပါတယ်။

ဒီနောက်ပိုင်း မြန်မာ့တပ်မတော်နဲ့ ကေအန်ယူ လက်နက်ကိုင်တို့ ပူးပေါင်းပြီး ရွှေထွက်ရှိရာနေရာမှာ လုံခြုံရေးယူထားတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013