DVB Logo
Home
မြန်မာသတင်း
အကျိုးတူ လယ်ယာစိုက်ပျိုးရေးစနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် ပြည်ပနိုင်ငံများကို ကမ်းလှမ်း
DVB
·
March 20, 2017
Donate to DVB

မြန်မာ့လယ်ယာမြေတွေမှာ  အကျိုးတူ လယ်ယာစိုက်ပျိုးရေးစနစ်နဲ့  ပူးပေါင်းလုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေက ကမ်းလှမ်းထားတယ်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က  ပြောပါတယ်။

ကမ်းလှမ်းထားတဲ့ ပြည်ပ နိုင်ငံများအနေနဲ့ တောင်သူတွေနဲ့ အကျိုးတူ လယ်ယာစိုက်ပျိုးရေးစနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ရာမှာ စနစ်တကျ လုပ်ကိုင်နိုင်ဖို့အတွက် တိကျသည့် ဥပဒေမူဘောင်များ ရေးဆွဲပေးဖို့ တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (UMFCCI)  ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

အကျိုးတူ လယ်ယာစိုက်ပျိုးရေးစနစ်ကို ပူးပေါင်းလုပ်ကိုင်ရာမှာ လယ်ယာပိုင်ဆိုင်မှုရှိတဲ့ တောင်သူတွေ လိုအပ်တဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် စက်ကိရိယာ နည်းပညာတွေကို ကုမ္မဏီတွေဘက်က ထောက်ပံ့ပေးရပြီး စပါးထွက်ပေါ်လာချိန်မှာ ကုမ္မဏီတွေဘက်က  ကြိုတင် သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း တောင်သူတွေက ပြန်လည်ရောင်းချရတဲ့ စနစ် ဖြစ်ပါတယ်။

လတ်တလောမှာတော့ တောင်သူတွေနဲ့ အကျိုးတူ လယ်ယာကန်ထရိုက်စနစ် လုပ်ကိုင်ဖို့အ တွက် ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူနဲ့  ဘရူနိုင်းနိုင်ငံတွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013