DVB Logo
Home
မြန်မာသတင်း
ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးသတ်ဖြတ်မှု လျော့ကျလာ
DVB
·
March 20, 2017
ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးသတ်ဖြတ်မှု လျော့ကျလာ
Donate to DVB

 

မျိုးတုန်းပျောက်ကွယ်လာပြီဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုမှု များပြားလာတဲ့အတွက် ဖမ်းဆီးသတ်ဖြတ်မှုတွေ လျော့ကျလာတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့က သတင်းရရှိပါတယ်။

ဧရာဝတီလင်းပိုင်တွေကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသားတွေကို ဒေသထွက်ပစ္စည်းတွေနဲ့ ဒေသအစားအစာတွေကို ချက်ပြုတ်ရောင်းချပြီး ဒေသခံတွေ အပိုဝင်ငွေရရှိစေဖို့ စီစဉ်ပေးထားတဲ့ အတွက် လင်းပိုင်တွေကို ရေလုပ်သားတွေနဲ့ ဒေသခံတွေကလည်း ပူးပေါင်းကာကွယ်လာကြတယ်လို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့တာဝန်ခံ ဦးဟန်ဝင်က ပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့ ပတ်ဝန်းကျင်မှာ ရှော့တိုက်ငါးဖမ်းတာတွေ၊ ပိုက်ကွန်နဲ့ ငြိမိတာတွေကြောင့် သေဆုံးမှုတွေဖြစ်ပေါ်နေတဲ့အတွက် ၁ လကို ၂ ကြိမ်လောက် ဒေသခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ထိန်းသိမ်း ရေးဧရိ ယာအတွင်းကင်းလှည့်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ဧရာဝတီလင်းပိုင်အကောင်ရေ ၇၂ ကောင်အထိရှိပြီး မနှစ်ကထက် ၆ ကောင်လောက် ပိုမိုတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။

လင်းပိုင်းတွေ ထိန်းသိမ်းနိုင်ဖို့အတွက် ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်တာကို ၂၀၁၃ ခုနှစ်က စတင် အကောင်အထည် ဖော်ခဲ့တာပါ။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013