DVB Logo
Home
မြန်မာသတင်း
တရုတ်ဈေးကွက် အားထားနေရသည့် ဆိတ်မွေးမြူရေးလုပ်ငန်းများ တိုက်ပွဲများကြောင့် အရှုံးပေါ်
DVB
·
March 20, 2017
Donate to DVB

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းဒေသဘက်မှာ ဆိတ်မွေးမြူရေးလုပ်ကိုင်သူတွေဟာ အဓိက တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့တာဖြစ်ပြီး လတ်တလော မူဆယ်လမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အရှုံးပေါ်နေတယ်လို့  ဆိတ်မွေးမြူရေးလုပ်ကိုင်သူတွေကပြောပါတယ်။

ပခန်းဒေသမှာ အရပ်ဒေသ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပြီး ဆိတ်ထီးတွေကို သင်းကွပ် မွေးမြူကာ  အဓိက တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့ ရောင်းချကြတာပါ။

လက်ရှိရောင်းဈေးဟာ ၁ ပေါင်ကို ကျပ် ၁၄၅၀ လောက် ရှိတဲ့အတွက်ကြောင့် မွေးမြူသူတွေအနေနဲ့ အမြတ်အစွန်း ရှိကြပါတယ်။

ဆိတ်မွေးမြူရေးဟာ အမြတ်အစွန်းသေချာပေမယ့် မူဆယ်လမ်းကြောင်းတွေမှာ တိုက်ပွဲတွေဖြစ်ရင် အရှုံးပေါ်တတ်ပါတယ်။

ကိုင်းမကြီးရွာက ဆိတ်မွေးမြူသူ ဦးကျော်မြင့်က“မနှစ်က မူဆယ်လမ်းကြောင်းမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဆိတ်ဈေးကျခဲ့ပြီး အကြီးအကျယ် အရှုံးပေါ်ခဲ့ပါတယ်။ မူဆယ်လမ်းကြောင်းမှာ တိုက်ပွဲဖြစ်ရင် ပွဲစားကုန်သည်တွေက ဈေးနှိမ်ဝယ်ကြတယ်။ တချို့ဆို အကြွေးတွေတင်ပြီး အပြင်မှာ ပန်းရံထွက်လုပ်ရတာ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကဆီလို့ ခေါ်တဲ့ ဆိတ်ထီးသင်းကွပ်ပြီး မွေးမြူတာဟာ အသားကောင်းပြီး အညှီနံ့လည်း နည်းပါတယ်။ 

သတင်း - အောင်ထွန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013