DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် လူ ၄ ဦးကို ပစ်ခတ်ဖမ်းဆီး
DVB
·
March 20, 2017
စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် လူ ၄ ဦးကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက စိတ်ကြွဆေးပြား တွေနဲ့အတူလူ ၄ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

နတ်မြစ်ထဲမှာ မသင်္ကာဖွယ်တွေ့တဲ့ လက်ခတ်လှေတစီးကို တပ်မတော်ရေ လှည့်ကင်းအဖွဲ့က ရှာဖွေစစ်ဆေးတဲ့အခါ စိတ်ကြွဆေးပြား ၁ သိန်း ၈ သောင်းကျော်ကို ရှာဖွေတွေ့ရှိတဲ့အတွက် ဆေးပြားနဲ့အတူ လှေပေါ်မှာတွေ့ရှိတဲ့ လူ ၄ ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။

ဒီနေ့ မနက်ပိုင်းက နတ်မြစ်အတွင်း တက်ချောင်းအဝမှာ တပ်မတော်ရေက လုံခြုံရေးတာဝန် ဆောင်ရွက်နေတုန်း မသင်္ကာစရာ လက်ခတ်လှေတစီးကို တွေ့တဲ့အတွက် မီးအချက်ပြ ခေါ်ယူတာမှာ လာရောက်တာမရှိဘဲ ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရတာပါ။

လှေပေါ်ပါ ၅ ဦးထဲက ရွှေဇားအနောက်ရွာနေ မာမက်အီလီယာ့စ် ဆိုသူ တဦး ထွက်ပြေးသွားပြီး ရွှေဇားအလယ်ရွာနေ၊ ယာဆိမ်း၊ အဒူရှုက္ကူ၊ နူရ်ဟာကိမ်း၊ မာမက်အီဆတ် ၄ ဦးကိုတော့ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ WY စိတ်ကြွဆေးပြားအရေအတွက် ၁ သိန်း ၈ သောင်း ၅ ထောင် (ဒေသတန်ဖိုး ကျပ်သိန်း ၃၇၀၀) နဲ့ အလျား ၂၀ ပေ၊ အနံ ၃ ပေရှိတဲ့ လက်ခတ်လှေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့သူတွေကို တပ်မတော်ရေက မူးယစ်တပ်စု ၄ ကို လွှဲပြောင်းအပ်နှံခဲ့ပြီး ပြင်ဖြူရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက်နေ့ မနက် ၇ နာရီမှာတော့ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ ငခူရရွာမှာ ဆေးပြား ၉ ထောင် ၇ ရာကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
"မနက် ၇ နာရီလောက်ကပေါ့။ မြို့မတောင်၊ ငခူရရွာက မောင်လှဝင်း(ခ)မာမွတ်ယီယာ့စ်ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ ဝင်ရှာဖွေတော့ မောင်လှဝင်းရဲ့ နေအိမ်နောက်ခန်း စားပွဲခုံအောက်က စက္ကူပုံးထဲမှာ သတင်းစာစက္ကူနဲ့ပတ်ထားတဲ့ အထုပ်ကို ဖြေကြည့်တဲ့အခါ WY စိတ်ကြွမူးယစ်ဆေးပြား ၉၇၅၀ ဒေသတန်ဖိုးနဲ့ဆို ၁၉၅ သိန်းဖိုးကို ဖမ်းမိခဲ့တာ" လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဆေးပြားတွေနဲ့ တွေ့ရှိရတဲ့ မောင်လှဝင်းကို မောင်တောမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်​ပုံ - ရဲတပ်​ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013