DVB Logo
Home
မြန်မာသတင်း
တရုတ်​ပြည်​ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​လာသည့် ကိုးကန့်ဒုက္ခသည်​ပိုများလာ (ရုပ်သံ)
DVB
·
March 20, 2017
တရုတ်​ပြည်​ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​လာသည့် ကိုးကန့်ဒုက္ခသည်​ပိုများလာ (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်​ပြည်​ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​လာတဲ့ ဒုက္ခသည်​အရေအတွက်ဟာ ၅ သောင်းလောက်ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

နန်းဆန်​​ဒေသခံတ​ဦးဖြစ်တဲ့ ဝမ်​အိုက်​တင်​က"အခု ကျနော်​တို့ အနီး ၁၂၅ မှာ ၃​သောင်း​ကျော်​​လောက်ရှိပြီ။ ကျန်​တဲ့ ၁၂၃ ရယ်၊​ ၁၂၇ ရယ်​ လူ​တွေ စစ်​​ဘေး​ရှောင်​​တွေ အများကြီးပဲ။ အားလုံး​ပေါင်းရင်​ ၅​သောင်းအထက်​မှာ ရှိတယ်​။ ​ပြောရရင်​ ကိုးကန့်​လူဦး​ရေရဲ့ ထက်​ဝက်​ခန့်​​လောက်​ရှိပြီ" လို့ ​ပြောပါတယ်​။

တိုက်​ပွဲ စတင်​ဖြစ်​ပွားပြီး​နောက်​ တရုတ်​ပြည်​ဘက်​ကို ထွက်​​ပြေးလာတဲ့ ဒုက္ခသည်​တွေကို တရုတ်​အစိုးရမှ စာရင်းဇယား​ကောက်​ပြီး ၃ ဦးအထက်​ အိမ်​​ထောင်​စုတစုကို ဆန်​တအိတ်စီ ကူညီ​ထောက်​ပံထားတယ်​လို့ သိရပါတယ်​။

"အရင်​ ၂၀၁၅ တိုက်​ပွဲ​လောက်​ မဆိုးဘူး။ အဲတုန်းကဆိုရင်​ လူဦး​ရေ သိန်းချီရှိတယ်​ ထွက်​​ပြေးလာတဲ့လူ​တွေ။ အခုတိုက်​ပွဲက ဒီနယ်​စပ်​ခြံစည်းရိုးရဲ့ ၃ ပုံ ၁ ပုံ​လောက်​ပဲ တိုက်​ပွဲဖြစ်​​တော့ အရင်​တခါ​လောက်​​တော့ မဆိုးဘူး ​ပြောရမယ်​" လို့ ဝမ်​အိုက်​တင်​က ဆက်​​ပြောပါတယ်​။

လက်​ရှိမှာ​တော့ တိုက်​ပွဲက ပြင်းထန်​ခြင်း မရှိ​​ပေမယ့်​ ​သေနတ်​သံတွေက ကြား​နေရဆဲ ဖြစ်​​ကြောင်း သိရပါတယ်​။
သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013