DVB Logo
Home
မြန်မာသတင်း
အိမ်ရောင်းသည့်ငွေကိစ္စ စကားများရာမှ သားဖြစ်သူလက်သီးနှင့်ထိုး တွန်းလှဲသဖြင့် မိခင်သေဆုံး
DVB
·
March 20, 2017
အိမ်ရောင်းသည့်ငွေကိစ္စ စကားများရာမှ  သားဖြစ်သူလက်သီးနှင့်ထိုး တွန်းလှဲသဖြင့် မိခင်သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်မနီအုပ်စု ဆင်မနီကျေးရွာမှာ သားဖြစ်သူမှ လက်သီးနှင့်ထိုးကာ တွန်းလှဲခဲ့တဲ့အတွက် မိခင်သေဆုံးခဲ့တယ်လို့ ခမုံနယ်မြေ ရဲစခန်းက သိရပါတယ်။

မတ်လ ၁၇ ရက်နေ့က လက်ပံတန်းမြို့နယ် ဆင်မနီအုပ်စု ဆင်မနီကျေးရွာမှာ သေဆုံးသူ ဒေါ်ကြည်ဝင်းနဲ့ သားဖြစ်သူ လေးမြင့်တို့ အိမ်ရောင်းချရာမှ ရရှိတဲ့ငွေကို လေးမြင့်က တောင်းရာမှ စကားများပြီး မိခင်ဖြစ်သူကို လက်သီးနဲ့ထိုးကာ တွန်းလှဲခဲ့တဲ့အတွက် သေတ္တာနဲ့တိုက်မိပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။

“သားဖြစ်သူမှ လေးမြင့်က မိခင်ဒေါ်ကြည်ဝင်းကို လက်သီးနှင့်ထိုးကာ တွန်းလှဲခဲ့တာကြောင့် သေဆုံးတဲ့အတွက် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၇)နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ ခမုံတိုက်နယ်ဆေးရုံသို့ ရဲဆေးစာနဲ့ ပို့အပ်စစ်ဆေးခဲ့ရာမှ ခမုံတိုက်နယ် ဆေးရုံရဲ့ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ဦးခေါင်း ဝဲဘက်ခြမ်း ဦးနှောက်သွေးယိုစီး ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံရိုး ၂ ချောင်းနဲ့ ယာဘက်နံရိုး ၃ ချောင်း ကျိုးတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ဆေးစစ်ချက်မှတ်တမ်းတွေအရ သိရှိရတယ်”လို့ ခမုံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းမင်းခိုင်က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ လေးမြင့်ကို ခမုံနယ်မြေရဲခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၇)မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲအမှုဖွင့်ထားပြီး မတ်လ ၂၀ ရက်နေ့မှာ လက်ပံတန်းမြို့နယ် တရားရုံးတွင် ပထမရမာန်ယူ ဆောင်ရွက်နေတယ်လို့ သိရတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013