DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန်က လုပ်ဖော်ကိုင်ဘက်ဟောင်းများကို ညစာစားပွဲဖြင့် ဧည့်ခံ (ဓာတ်ပုံ)
DVB
·
March 20, 2017
Donate to DVB

အငြိမ်းစားသမ္မတဟောင်း ဦးသိန်းစိန်က သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေကို မတ်လ ၁၉ ရက် ညပိုင်းက နေပြည်တော်ရှိ Kempinski Hotel ဟိုတယ်မှာ ညစာစားပွဲတွေနဲ့ ဧည့်ခံခဲ့ပါတယ်။

ဧည့်ခံပွဲကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရသက်တမ်းမှာ နိုင်ငံအတွက် လက်တွဲလုပ်ကိုင်ခဲ့တဲ့ အငြိမ်းစားဝန်ကြီးတွေ၊ ဒု-ဝန်ကြီးဟောင်းတွေ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံအခြေစိုက် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံက ပေးအပ်တဲ့ ကော်စမိုပေါ်လီတန်ဆုကို ချီးမြှင့်ခံခဲ့ရပြီး ဆုရရှိခဲ့တာဟာ လုပ်ဖော်ကိုင်ဘက်တွေရဲ့ စွမ်းဆောင်မှုကြောင့် ရရှိခဲ့တာဖြစ်တဲ့အတွက် အခုလို ဧည့်ခံတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013