DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ကားတစီး တံတားအောက်သို့ ထိုးကျ
DVB
·
March 20, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှာ အမြန်လမ်းမကြီးမှာ မနေ့က ကားတစီး တံတားအောက်သို့ ထိုးကျခဲ့ပြီး ယာဉ်မောင်းဒဏ်ရာ ရရှိခဲ့ပါတယ်။

ကျောက်တံတားမြို့နယ် မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၈၃ မိုင် ၅ ဖာလုံမှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို ဓာတုကလျာလမ်း၊ တောင်ငူမြို့နေသူ ယာဉ်မောင်း ဦးဝင်းနိုင်ဦး(ဦးအောင်မြင့်) မောင်းနှင်လာတဲ့ ကြက်တူရွေး အနက်ရောင် မော်တော်ယာဉ်မှာ မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်က ယာဉ်မောင်း အိပ်ငိုက်ပြီး ရဲနွယ်ချောင်းတံတားထိပ်မှာ ကာရံထားတဲ့ ဘယ်ရီတုံးတွေကို ဝင်ရောက်တိုက်မိပြီး တံတားအောက်ကို ထိုးကျသွားခဲ့ပါတယ်။

“ဖြစ်တာကတော့ ဒုန်းဆိုပြီး တံတားထိပ်က ကာထားတဲ့တုံးတွေကို ဝင်တိုက်မိပြီး ကားက ရုပ်ရှင်တွေထဲကအတိုင်းပဲ မြောက်သွားပြီး ထိုးကျသွားတာ။ အတည့်အတိုင်းပဲ။ မှောက်တော့ မမှောက်သွားဘူး။ ကားမောင်းတဲ့သူ တယောက်တည်းပဲ။ ဆေးရုံပို့လိုက်လိုက်ပြီ” လို့ အနီးအနားမှာ ရှိနေတဲ့ မျက်မြင်တွေ့လိုက်ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အခုလို ယာဉ်မတော်တဆဖြစ်ခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူမှာ ရင်ဘတ်နာကျင်ဝေဒနာ၊ ပခုံး ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ပြီး မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင် ဆေးဝါးကုသနေရပါတယ်။

အဆိုပါ မော်တော်ယာဉ် ချောင်းအတွင်း ထိုးကျခဲ့တဲ့ ဖြစ်စဉ်ကို မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ယာဉ် (ပ)၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013