DVB Logo
Home
မြန်မာသတင်း
သစ်ပင်စိုက်ယောင်ဆောင်ပြီး သစ်ထုတ်လုပ်နေမှုတားဆီးပေးရန် ဂွမြို့တွင်ဆန္ဒပြ
DVB
·
March 19, 2017
သစ်ပင်စိုက်ယောင်ဆောင်ပြီး သစ်ထုတ်လုပ်နေမှုတားဆီးပေးရန်  ဂွမြို့တွင်ဆန္ဒပြ
Donate to DVB

ရခိုင်ပြည်နယ်၊ဂွမြို့မှာ ဥပဒေမညီတဲ့ စိုက်ခင်းတွေ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့  သစ်ပင်စိုက်ယောင်ဆောင်ပြီး သစ်ထုတ်လုပ်နေမှုတားဆီးပေးဖို့ ဒေသခံ ပြည်သူ၁၅၀ လောက်က ဒီကနေ့မနက် မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဂွမြို့နယ်ကမ်းသာယာနဲ့ ၃ မိုင် ကွာဝေးတဲ့ ရွေဦးကွင်းကျေးရွာအုပ်စုရှိ တောင်ညိုကြိုးပြင် ကာကွယ်တောမှာ ဧက၅၀၀လောက်ကို  ကုမ္ပဏီတခုက  ပျဉ်းကတိုးပင်တွေ စိုက်ပျိုးဖို့  အကြောင်းပြပြီး စိုက်ခင်းတည်ထောင်ထားပေမယ့် တကယ်မစိုက်ပဲ သစ်ထုတ်နေတာကြောင့် ဆန္ဒဖော်ထုတ်တာလို့  ဆန္ဒပြရမှာ ဦးဆောင်ပါဝင်သူ ဦးထွန်းဝေ ကပြောပါတယ်။

“Mighty Marine ကုမ္ပဏီက ပျဉ်းကတိုး တွေစိုက်ပျိုးဖို့ဆိုပြီးအကြောင်းပြလို့ ၂၀၁၀-၂၀၁၁မှာ စိုက်ခင်းတည်ထောင်ခဲ့တယ်။ ဒါပေမယ့် အဲဒီတောမှာ ဘာမှစိုက်တာလည်း မရှိဘူး။ သဘာဝအပင်ပေါက်ရောက် တာပဲရှိတယ်။ ဒေသခံကျနော်တို့ ကျေးရွာတွေကို ဘာမှာလုပ်စားခွင့်မရဘူး။ အဲဒီနားကို ဖြတ်သန်းသွားခွင့်တောင်မပေးဘူး။ အဲဒီနားတောနားကပဲ သစ်တွေခိုးထုတ်နေကြတယ်။ သစ်ပင်မဘဲ စိုက်ပင်စိုက်ယောင်ဆောင်ပြီးသစ်ထုတ်လုပ်နေမှုကို တားဆီးပေးဖို့ ဆန္ဒထုတ်ဖော်ရတာပါ။”

ဒါ့အပြင် အဲ့ဒီသစ်တောမှာ အလေ့ကျပေါက်တဲ့ သဘာဝပေါက်ပင်တွေသာရှိပြီး စိုက်ပျိုးထားတဲ့ အပင်တွေ မရှိဘူးလို့ဆိုပါတယ်။

ဒီကိစ္စထိထိရောက်ရောက်အရေးယူပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းကြားထားတယ်လို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ ဦးမင်းခိုင်က “အခုနောက်ပိုင်းကျနော်တို့ ဥပဒေအကြောင်းကို နည်းနည်းနားလည်လာတယ်။ ဒါမျိုးလုပ်လို့ မရဘူးဆိုတာ သိလာတယ်။ အဲဒါကြောင့် ဒီကိစ္စတွေကို ဆွေးနွေးပွဲ တော်တော်များများကျနော်တို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း တင်ပြထားတယ်။ ဒီလိုလုပ်နေတာတွေ ထိထိရောက်ရောက်အရေး ယူပေးဖို့ကို”လို့ပြောပါတယ်။

စိုက်ခင်းမြေဟာ အပင်တွေပေါက်ရောက်မူမရှိဘဲ အမှန်တကယ်စိုက်ပျိုးဖို့လိုအပ်တဲ့ မြေမျိုးသာ ခွင့်ပြုပေးသင့်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေကဆိုပါတယ်။

အလေ့ကျပေါက်နေတဲ့ ပျဉ်းကတိုးတောကို စိုက်ခင်းအဖြစ်မှ ဖယ်ရှားပေးရေး၊ မစိုက်ဘဲစိုက် ယောင်ဆောင်ကာ သစ်ထုတ်နေမူတားဆီးပေးရေး၊ သစ်ပင်ကြီးတွေ ထူထပ်စွာပေါက် ရောက်နေတဲ့ သစ်တောမြေကို စိုက်ခင်းမြေအဖြစ် ခွင့်ပြုပေးသူတွေကို အရေးယူပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ အတူ  ပိုစတာဗွီနှိုင်းကိုင်ဆောင်ပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ဂွမြို့ ဦးဥတ္တမလမ်းတောင့်မှာ စုရပ်အဖြစ်စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီး ဖောင်တော်ဆိပ်အထိ လမ်းလျှောက်စီတန်းလှည့်လည်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဂွမြို့နယ် သစ်တောဦးစီးဌာနကို ဒီဗွီဘီကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
သတင်း-ဝဏ္ဏခွာညို- ရုက်ကူးCJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013