DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံ ထွက်ခွာ
DVB
·
March 19, 2017
ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံ ထွက်ခွာ
Donate to DVB

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ ဒီကနေ့ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံကို ၂ ရက်ကြာတရားဝင် ချစ်ကြည်ရေး အလည်အပတ်ခရီးထွက်ခွာသွားတယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ aဖ်ာပြပါတယ်။

ခရီးအတွင်း မြန်မာသမ္မတ ဦးထင်ကျော်နဲ့တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ တိုးတက်ဆောင်ရွက်ဖို့ ဆွေးနွေးဖို့ရှိတယ်လို့   မြန်မာပြည်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး အဲလက်စ်ချွာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာ တပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း သမ္မတ ဒူတာတေး တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ ရှိသလို မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင် ကုမ္ပဏီတွေ၊ ဖိလစ်ပိုင်အသိုက်အ၀န်းနဲ့ လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

“အခုသွားတဲ့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်တွေဟာ အာဆီယံဒေသထဲမှာရှိတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထံ နောက်ဆုံးမိတ်ဆက်ခရီးစဉ်သွားတာဖြစ်တယ်၊ လာမယ့်ဧပြီလ မနီလာမှာ ကျင်းပမယ့် အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေနဲ့ အချိန်မီ တွေ့ဆုံတာဖြစ်တယ်” လို့ ဒီကနေ့ ဒါဗို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပတဲ့  ခရီးစဉ်အကြို သတင်းစာရှင်လင်းပွဲမှာ သမ္မတ ဒူတာတေးကပြောသွားပါတယ်။

ဖိလစ်ပိုင်သမ္မတဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက ရာထူးလက်ခံရယူပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် တရားဝင်ခရီးရောက်လာတာဖြစ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင်ရောက်တာလာဖြစ်ပြီး  မြန်မာခရီးစဉ်အပြီး မတ်လ ၂၀ ရက်နေ ၂၂ ရက်ထိ ထိုင်းနိုင်ငံကို ချစ်ကြည်ရေး ခရီးဆက်လက်ထွက်ခွာ မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013