DVB Logo
Home
မြန်မာသတင်း
မြင်းခြံဒေသက ရွာသား၄၀၀ စုပေါင်းသွေးလှူဒါန်း (သတင်းဓာတ်ပုံ)
DVB
·
March 19, 2017
မြင်းခြံဒေသက ရွာသား၄၀၀ စုပေါင်းသွေးလှူဒါန်း (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

မြင်းခြံမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၁၅) ရွာက ဒေသခံရွာသား သွေးအလှူရှင် (၄၀၀) တို့က  မန္တလေး ဗဟိုအမျိုးသားသွေးလှူဘဏ်အတွက် (၉) ကြိမ်မြောက် သွေးလှူဒါန်းပွဲ မြင်းခြံမြို့မှာ ကျင်းပသွားပါတယ်။

မြင်းခြံအခြေစိုက်  ဧရာဝတီသွေးလှူရှင်အသင်းက ဦးဆောင်ပြီး မတ်၁၈ ရက်မနက်က မြင်းခြံမြို့ ရွှေပြည်စိုး သာသနဗိမာန်မှာ  စုပေါင်းသွေးလှူဒါန်းပွဲကိုကျင်းပသွားတာပါ။

မန္တလေး ဗဟိုအမျိုးသားသွေးလှူဘဏ်အဖွဲ့ တာဝန်ရှိသူ ဒေါ်ကြူကြူက “ခုလို သင်္ကြန်ရက်မတိုင်ခင် သွေးအိပ်တွေရရှိတော့ ပိုပြီးအဆင်ပြေပါတယ်။ သင်္ကြန်အတွက်က သွေးစုဆောင်းထားရမှာပါ ဆေးရုံက လူနာတွေအတွက်လည်း အဆင်ပြေပါတယ်။ သင်္ကြန်ရက်တွေဆို အရေးပေါ်လူနာတွေက များတယ်လေ။ လိုအပ်တဲ့အချိန် သွေးဘဏ်က အလွယ်တကူ ထုတ်ပေးလို့ရတာပေါ့”လို့ ပြောပါတယ်

ဧရာဝတီသွေးလှူရှင်အသင်းဟာ ၂၀၁၂မှာ စတင်တည်ထောင်ခဲ့ပြီး မန္တလေး ဗဟိုအမျိုးသားသွေးလှူဘဏ်ကို သွေးအိပ်ပေါင်း ၂၆၀၀လှူဒါန်းခဲ့ပြီးဖြစ်သလို မြင်းခြံဆေးရုံအတွက် လည်း သွေးအိပ် ၁၂၀၀၀ အိပ် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။   သွေးအလှူရှင် ချိတ်ဆက်နိုင်ဖို့ အတွက် မြင်းခြံမြို့ပေါ်မှာ သွေးလှူရှင် ၂၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

မနေ့က ကျင်းပတဲ့ (၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို မန္တလေးဆေးရုံကြီးမှ ဝန်ထမ်းအင်အား ၂၀ကျော် လာရောက်စစ်ဆေး သွေးဖောက်ပေးခဲ့ကြတာပါ။   သွေးအလှူရှင် ၄၀၀ ထဲမှာ ၂၄၃ ယောက်ကိုသာ သွေးဖောက်ယူနိုင်ခဲ့ပြီး  ကျန် ၁၅၇ ဦးကတော့ သွေးပေါင်ချိန်ကျပြီး  သွေးအားမပြည့်ဘူးလို့ သိရပါတယ်။

သတင်း ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013