
စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာရိုဘယ်လ်စ်ဟာ အာလီဘာ့ခ် အမျိုးအစား အမေရိကန် စစ်သင်္ဘော USS ဂျွန်ဘစီလုန်းကို နေရာသစ်ဖြစ်တဲ့ ရိုတာရေတပ်စခန်းမှာ အောက်တိုဘာ ၁၅ ရက်က ကြိုဆိုခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ် မေပေါ့်တ်ကနေ စစ်သင်္ဘောရောက်ရှိလာပြီး နောက်တနေ့မှာ ကာကွယ်ရေးဝန်ကြီး ရိုဘယ်လ်စ်ဟာ စပိန်အနောက်တောင်ပိုင်းဆိပ်ကမ်းမှာ ပြုလုပ်တဲ့ တရားဝင် အခမ်းအနားကို စပိန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘင်ဂျမင်လီယွန်နဲ့အတူ တက်ရောက်ခဲ့တာပါ။
ဒီ USS ဂျွန်ဘစီလုန်း စစ်သင်္ဘောဟာ ရိုတာ ရေတပ်စခန်းမှာ အခြေစိုက်တဲ့ ၆ စီးမြောက် စစ်သင်္ဘောဖြစ်ပြီး အမေရိကန် ရေတပ်သား ၃၀၀ ကျော် လိုက်ပါလာပါတယ်။
အမေရိကန်ရေတပ်ရဲ့ အဆိုအရ ဒီ စစ်သင်္ဘောဟာ ဝေဟင်ရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနဲ့ ရေပြင်စစ်ဆင်ရေးတွေကိုပါ မစ်ရှင်မျိုးစုံ အများအပြား လုပ်ဆောင်နိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။
Source: Reuters











