DVB Logo
Home
မြန်မာသတင်း
သင်္ကြန် ၁၀ ရက် ပိတ်ပေးရေး လှိုင်သာယာအလုပ်သမားများဆန္ဒပြ- သတင်းဓာတ်ပုံ
DVB
·
March 19, 2017
သင်္ကြန် ၁၀ ရက် ပိတ်ပေးရေး လှိုင်သာယာအလုပ်သမားများဆန္ဒပြ- သတင်းဓာတ်ပုံ
1 / 6
Donate to DVB

လာမယ့် သင်္ကြန်ကာလမှာ  အလုပ်ပိတ်ရက် ၁၀ ရက် အပြည့်အဝရရှိဖို့အတွက် လှိုင်သာယာမြို့နယ်ထဲက အလုပ်သမား ၆၀၀ လောက်က မတ် ၁၉ ရက် မနက်ပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။

မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ၅ ရက်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ကြိုတင်ပြင်ဆင်ထားတဲ့ ခွင့်ပြန်လို့တဲ့ အလုပ်သမားတွေ အဆင်ပြေစေဖို့ ၁၀ ရက်ခွင့်ပြုသွားဖို့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေကို ညွန်ကြားချက်ထုတ်ပြထားပြီး ဖြစ်ပါတယ်။

အလားတူ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကလည်း စက်ရုံအလုပ်ရုံတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပိတ်ပေးဖို့အတွက် စက်ရုံပိုင်ရှင်တွေကို ညွန်ကြားထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ဟာ အလုပ်သမားတွေရဲ့ အချိန်ပို အလုပ်ဆင်းချိန်တွေ ထဲကနေ အလုပ်ရှင်တွေက ပြန်လည်ဖြတ်တောက်သွားမှာဖြစ်လို့ လုပ်သမားတွေဘက်က နစ်နာတာကြောင့်  လက်မခံနိုင်ဘူးလို့ ဆန္ဒပြတဲ့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ညှိနှိုင်းမှုမပါတဲ့ တရားဝင် အလုပ်ပိတ်ရက် ၁၀ ရက်ကိုသာ နှစ်စဉ်သတ်မှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013