
အင်္ဂပူမြို့နယ်ထဲက ဂွေးတောက်ချောင်း၊ နံကပ်ကြီး၊ ကျေးရွာတို့မှာ မြစ်ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေ ကိုယ်ထူကိုယ်ထ ကာကွယ်နေကြရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်တို့ကို ဆက်စပ်နေတဲ့ လံဒါကျေးရွာ၊ ညောင်ကုန်း၊ နံကပ်၊ ဂွေးတောက်ချောင်း စတဲ့ကျေးရွာတွေမှာ ၂၀၁၀ ကစပြီ ကမ်းပြိုမူတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
မြန်အောင်မြို့နယ်ထဲက ဂွေးတောက်ချောင်း အုပ်စု၊ လံဒါမှာ ၂၀၁၀ ခုနှစ်မှစပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လံဒါရွာမှာ အိမ်ခြေ ၅၃ လုံး၊ အင်္ဂပူမြို့နယ်ထဲက ညောင်ကုန်းရွာမှာ အိမ်ခြေ ၁၀၅ လုံး၊ ခွေးတောက်ချောင်းရွာမှာ အိမ်ခြေ ၃၇၀ လုံး၊ ၆ နှစ်အတွင်း ၃ ကြိမ်ရွှေ့ပြောင်းခဲ့ရပါတယ်။
အဲလို ကမ်းပြိုကျနေလို့ ဒေသခံတွေ ကိုယ်ထူကိုယ်ထနဲ့ ရေတားနေကြတာပါ။ ရေတားရမှာ ဝါးနက်ဝါးအဖျားပိုင်းကို သဲအိတ်တွေချပြီ မြစ်ထဲချရေတားတာပါ။
ကမ်းပြိုကျတာကို ကာကွယ်ဖို့အတွက် ရေကာတွေလုပ်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က တတ်နိုင်သရွေ့ ကူညီမယ်လို ပြောပါတယ်။ ခုလက်ရှိ ကိုယ်ထူ ကိုယ်ထအနေနဲ့ ဝါးနက် ဝါး အလုံးပေါင်း (၂၀၀) နဲ့ အရင် ရေတားမြစ်ကြောင်းလွှဲကြည့်မယ်လို့ ဒေသခံ ကိုဇော်နိုင်က ဆိုပါတယ်။











