Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကိစ္စ မော်လမြိုင်မြို့တွင်ဒေသခံထောင်ချီကန့်ကွက်ဆန္ဒပြ
DVB
·
March 19, 2017
bas4
bas3
bas2
bas1
bas
သံလွင်တံတား (ချောင်းဆုံ) ကို `ဗိုလ်ချုပ်အောင်ဆန်းတံတား´ အမည် သတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်တဲ့အပေါ် မော်လမြိုင်မြို့မှာ ဒီကနေ့ ဒေသခံတွေ ထောင်နဲ့ချီပြီး ဆန္ဒပြကြပါတယ်။ မော်လမြိုင်-ချောင်းဆုံဆက်သွယ်တဲ့ တံတားအမည်ပြောင်းလဲမှုနှင့် ပြည်သူ့လွှတ်တော်မှာ အဆိုတင်မဲခွဲဆုံးဖြတ်တဲ့ လုပ်ရပ်အပေါ် မွန်တမျိုးသားလုံး အသွင်နဲ့ ကန့်ကွက်လှုပ်ရှားမှုကို ပြုလုပ်တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ တိုင်းရင်းသားချစ်ကြည်ရင်းနှီးရေး၊ နယ်မြေတိုင်းရင်းသား ဆန္ဒအသိအမှတ်ပြုရေး၊ တိုင်းရင်းသားဆန္ဒနဲ့မညီတဲ့လုပ်ရင် ချက်ချင်းရပ် ဆိုပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024