DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး
DVB
·
March 19, 2017
ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး
1 / 5
Donate to DVB

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မတ် ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက အုတ်တင်လာတဲ့ ထော်လာဂျီယာဉ်ကို ကြက်သွန်နီအိတ်တင် ၆ ဘီးယာဉ်က ဝင်တိုက်လို့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဇင်းကျိုက်မြို့ဘက်ကနေ ပေါင်မြို့ဘက် မင်းဇော်ဦးမောင်းလာတဲ့ ထော်လာဂျီယာဉ်အား ကိုသန်းဇော်မောင်းလာတဲ့ ၆ ဘီးယာဉ်က အနောက်ကနေဝင်တိုက်မိလို့ ထော်လာဂျီယာဉ်ဟာ အရှိန်လွန်ပြီး ဝဲဘက်လမ်းဘေး ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ထော်လာဂျီယာဉ်မောင်း မင်းဇော်ဦး၊ မဇင်မာဦး၊ မနော်နော်၊ မသီတာစန်း၊ မင်းအောင်တို့ ဒဏ်ရာတွေအသီးသီးရရှိခဲ့ပြီး မဖြိုးဖြိုးဝေက အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၆ ဘီးယာဉ်မောင်း သန်းဇော်အား ပေါင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့အရ အမှုဖွင့်ဆောင်ရွက်လျှက်နေတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013