DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခများချုပ်ငြိမ်းရန် လက်တွဲဆောင်ရွက်ရမည့်အချိန်ရောက်ပြီဟု သမ္မတပြော
DVB
·
March 19, 2017
ပဋိပက္ခများချုပ်ငြိမ်းရန် လက်တွဲဆောင်ရွက်ရမည့်အချိန်ရောက်ပြီဟု သမ္မတပြော
Donate to DVB

ခါးသီးတဲ့အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ပဋိပက္ခတွေချုပ်ငြိမ်းဖို့ လက်တွဲဖော်ဆောင်ရမယ့် အချိန်ရောက်နေပြီလို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၁၉ ရက်မှာ ကျေ၇ာက်တဲ့ ၄၃ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာပြောကြားထားတာဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်က “ပဋိပက္ခတွေ ဆယ်စုနှစ်များစွာဖြစ်ပေါ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါတယ်။ ယနေ့အချိန်အခါကာလမှာ အဲဒီခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာရရယူပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ မိမိတို့ နိုင်ငံတော်အတွင်း တိုင်းရင်းသားအားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ လက်တွဲဖော်ဆောင်ရမယ့် အချိန်အခါဖြစ်တယ်”လို့ပြောပါတယ်။

ဒါ့အပြင် မွန်တိုင်းရင်းသားတွေအနေနဲ့ ရှေ့ဆက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးမှာ ၀ိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း  နိုင်ငံတော် သမ္မတက တိုက်တွန်းသွားပါတယ်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ မွန်ပြည်နယ်နေ့လို့ စတင်သတ်မှတ်ရေးသားနိုင်ခဲ့တဲ့   ၁၉၇၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ကို အစွဲပြုပြီး မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွေ  နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013