DVB Logo
Home
မြန်မာသတင်း
တောင်ငူ ကျောင်းသား ဘာကြောင့် ကြိုးဆွဲချသေဆုံးခဲ့သလဲ - အစ်ကိုဖြစ်သူကို မေးမြန်းချက် (ရုပ်သံ)
DVB
·
March 19, 2017
တောင်ငူ ကျောင်းသား ဘာကြောင့် ကြိုးဆွဲချသေဆုံးခဲ့သလဲ - အစ်ကိုဖြစ်သူကို မေးမြန်းချက် (ရုပ်သံ)
Donate to DVB



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် နည်းပညာတက္ကသိုလ်က တတိယနှစ် ကျောင်းသားတဦး ကြိုးဆွဲချ သေဆုံးမှုတခု မတ်လ ၁၇ ရက် မနက် ၅ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

ကေတုမတီမြို့သစ် သ၀န်ငယ်ရပ်ကွက် ၁၂ လမ်းရှိ “ရွှေမြင့်မိုရ်” အမျိုးသားဘော်ဒါဆောင် အခန်း ၆ နေထိုင်တဲ့ တောင်ငူနည်းပညာတက္ကသိုလ်(EP) တတိယနှစ်ကျောင်းသား မောင်အောင်ဖြိုးဝေဟာ ဘော်ဒါဆောင်ရှိ အများသုံး ရေချိုးခန်းထုတ်တန်းမှာ လက်သန်းလုံးလောက်ရှိတဲ့ ပလတ်စတစ်သုံးပင်လိမ်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား မောင်အောင်ဖြိုးဝေကို ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရွှေဝါထွန်းကျေးရွာ သုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ကြိုးဆွဲချ သေဆုံးခဲ့တဲ့ မောင်အောင်ဖြိုးဝေရဲ့အကြောင်း အစ်ကိုဖြစ်သူ၊ သူရဲ့ အဆောင်နေ သူငယ်ချင်းနှစ်ဦးနဲ့ ဘော်ဒါဆောင်ရဲ့ အဆောင်မှူးတို့ကို မေးမြန်းထားပါတယ်။

သေဆုံးသူရဲ့တတိယအစ်ကိုကြီးဖြစ်သူ ကိုသက်လင်းက “လူတွေ အများဆုံးကတော့ ဝေဖန်သုံးသပ်ကြတာ မိသားစုပြဿနာရှိလို့လား၊ သူ့မှာမွန်းကျပ်စရာရှိလို့လားလို့ မေးကြတာပေါ့နော်။ ကျနော်ပြောပြချင်တာကတော့ ကျနော့်ညီလေးက ည ၁၁ နာရီခွဲထိ ကျနော်နဲ့ ဖုန်းပြောဖြစ်တယ်၊ ပြောဖြစ်တယ်ဆိုတာကလည်း ကျနော်က သူကျောင်းအပ်တာကအစ လိုက်အပ်ပေးတာ၊ သူရဲ့ငွေကြေးထောက်ပံ့မှုကလည်း ညီအစ်ကိုမောင်နှမတွေထဲမှာ မိန်းပဲ၊ သူ့ရဲ့လိုအပ်ချက်အခက်အခဲမှန်သမျှကို ဖြေရှင်းပေးနေတဲ့ အစ်ကိုတစ်ယောက် အစ်ကိုကြီးအဖရာလိုနေတာ။ ညီလေးက စာလည်းတော်တယ်၊ အိမ်ပြန်လာရင်လည်း ဆယ်တန်းကလေးတွေကို အင်္ဂလိပ်စာအခမဲ့ပြပေးတယ်၊ ပရဟိတလည်း တစ်အားလုပ်တယ်၊ အခုဆုံးတဲ့အချိန်ထိ အဆောင်မှာလည်း တစ်ခြားကလေးတွေကို ညတစ်ချက်လောက်ထိ စာပြပေးတယ်လို့ အဆောင်ကလူတွေက ပြောတယ်ခင်ဗျ။ ဆရာဝန်ရဲ့ဆေးစစ်ဆေးချက်မှာလည်း ပရောဂမပါဘူးတဲ့။ ကျနော်ကျေနပ်ပါတယ်၊ သူ့ဘဝရဲ့ ကံရှိသလောက်နေရတယ်လို့ပဲ သတ်မှတ်ပါတယ်” လို့ ပြောပါတယ်။

အဆောင်မှူးနဲ့ သူငယ်ချင်းနှစ်ဦးအား တွေ့ဆုံမေးမြန်းထားတာကို ရုပ်သံဖိုင်မှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013