DVB Logo
Home
မြန်မာသတင်း
စိတ်ဓာတ်တော်လှန်ရေးအောင်မြင်အောင်ကူညီရန် အနုပညာရှင်များကိုပန်ကြား
DVB
·
March 19, 2017
စိတ်ဓာတ်တော်လှန်ရေးအောင်မြင်အောင်ကူညီရန် အနုပညာရှင်များကိုပန်ကြား
Donate to DVB

စိတ်ဓာတ်တော်လှန်ရေးအောင်မြင်အောင် ပံ့ပိုးကူညီပေးကြဖို့ အနုပညာရှင်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

မနေ့ညက ရန်ကုန်ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို ပေးပို့တဲ့ သ၀ဏ်လွှာမှာပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ ကျမတို့နိုင်ငံ၊ ကျမတို့ပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ တိုးတက်ရေကို ၀န်းရံပေးကြပါ။ ပြည်သူတွေကြားမှာ ခွဲခြားမှုတွေ၊ အမုန်းတရားတွေကင်းဝေးပြီး မေတ္တာတရားတွေ တိုးတက်ဖြစ်ပေါ်လာအောင် အပတ်တကုတ် ကြိုးစားလိုစိတ်တွေ တိုးပွားလာအောင်၊ စာရိတ္တနဲ့ လုံ့လကို အခြေပြုပြီး နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်အောင်၊ ကျမတို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ စိတ်ဓာတ်တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်အောင် တတ်နိုင်သမျှ၊ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးကြပါ။”လို့ တိုက်တွန်းပြောသွားပါတယ်။

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကတော့ ဒီကနေ့အချိန်ဟာ မြန်မာ့ရုပ်ရှင်လောက တခေတ်ဆန်းဖို့ အစပြုချိန်ဖြစ်တယ်လို့ ပြောသွားပါတယ်။

၂၀၁၆ ခုနှစ်အတွင်းရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ၃၃ ကားထဲက ထူးချွန်ဆု ၁၀ ဆု ရွေးချယ်ပေးအပ်ရာမှာ အုတ်ကြားမြက်ပေါက်ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာ၊ မင်းသားဆုအပါအ၀င် ဆု ၃ ဆုံးဆွတ်ခူးရရှိသွားပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ မင်းသား ထွန်းထွန်း၊ အမျိုးသားဇာတ်ပို့ဆုကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ဇာတ်ကားနဲ့ မင်းသားလူမင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ သက်မွန်မြင့်တို့ရရှိသွားပါတယ်။

အမျိုးသမီး  ဇာတ်ပို့ဆုနဲ့ ရုပ်ရှင် ဇာတ်ညွန်းဆုတွေကိုတော့ အခုနှစ်မှာ ရွေးချယ်ပေး အပ်ခဲ့ခြင်းမရှိပါဘူး။

၂၀၁၆  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရသူများ

=======================

အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု - အုတ်ကြားမြက်ပေါက်

အကောင်းဆုံးရုပ်ရှင်အထူးဆု - မနောမြေမှကျောက်စိမ်းကမ္ဘာ

အမျိုးသားဇာတ်ဆောင်ဆု - ထွန်းထွန်း (အုတ်ကြားမြက်ပေါက်)

အမျိုးသမီးဇာတ်ဆောင်ဆု - သက်မွန်မြင့် (ချစ်လှစွာသော အမုန်း)

အမျိုးသားဇာတ်ပို့ဆု - လူမင်း (ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ)

ဒါရိုက်တာဆု - ညွှန့်မြန်မာညီညီအောင် (အုတ်ကြားမြက်ပေါက်)

ရုပ်ရှင်ဓာတ်ပုံဆု - မောင်မြင့်၊ အေးမင်း၊ အငယ်လေး (လူးရတနာသိုက်)

ရုပ်ရှင်တည်းဖြတ်ဆု - ဦးဥာဏ်ဝင့် (ဧဒင်ရဲ့ နတ်သမီး)

ရုပ်ရှင်တေးဂီတဆု - ဓီရာမိုရ် (လူးရတနာသိုက်)

ရုပ်ရှင်အသံဆု - ဦးကြည်မင်းသိန်း (မှော်ကျောက်စာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013