DVB Logo
Home
အာရှဒေသ
သုခဘုံ ဘာလီကျွန်း​ပေါ်မှ စိတ်ပိုင်း​ဆိုင်ရာ ကျန်း​မာ​ရေး​ချို့​တဲ့​နေသူများ
DVB
·
December 23, 2011
သုခဘုံ ဘာလီကျွန်း​ပေါ်မှ စိတ်ပိုင်း​ဆိုင်ရာ ကျန်း​မာ​ရေး​ချို့​တဲ့​နေသူများ
Donate to DVB

အင်ဒိုနီး​ရှား​နိုင်ငံ ဘာလီကျွန်း​ကို နှစ်စဉ် နိုင်ငံခြား​ဧည့်​သည်​ပေါင်း​များ​စွာ သွား​နေကြ​ပေမယ့်​ စိတ်ပိုင်း​ဆိုင်ရာ မကျန်း​မမာ ဖြစ်​နေတဲ့​ ဘာလီကျွန်း​သား​တွေကို သူတို့​ မ​တွေ့​ခဲ့​ရပါဘူး​။ မ​တွေ့​ဆို အဲဒီ စိတ်မကျန်း​မာသူ​တွေကို ​လှောင်အိမ်​တွေ၊​ သံ​ခြေကျင်း​တွေနဲ့​ နှစ်​ပေါင်း​များ​စွာ ဖမ်း​ဆီး​ ထိန်း​သိမ်း​တာ ​ကြောင့်​မို့​ပါပဲ။ အဲဒီလိုမျိုး​ စိတ်ပုံမှန်မဟုတ်သူ​တွေကို တိရိစ္ဆာန်​တွေလိုထား​တာကို အင်ဒိုနီး​ရှား​မှာ ‘ပါ​ဆောင်’ (pasung) လို့​ ​ခေါ်ကြပါတယ်။ အလယ်​ခေတ်​လောက်မှာ လုပ်ခဲ့​သလိုမျိုး​ ကျွဲနွား​ တိရိစ္ဆာန်​တွေလို သို​လှောင်ထား​တာ ဖြစ်ပါတယ်။ စိတ်မကျန်း​မာသူ​တွေကို သူတို့​မိသား​စု​တွေကပဲ ​သော့​ခတ်ထည့်​ထား​တာပါ။ ​နေရာကျဉ်း​လေး​မှာပဲ အိပ်တာ၊​ စား​တာ၊​ အညစ်အ​ကြေး​စွန့်​တာ လုပ်ခိုင်း​ပါတယ်။ ကျန်း​မာ​ရေး​မ​ကောင်း​တာကို ​ဆေး​ဝါး​ကုသမှု မ​ပေး​ပါဘူး​။ အင်ဒိုနီး​ရှား​က စိတ်​ရောဂါကုဆရာဝန် ​ဒေါက်တာ ‘လူဆာယနီ’(Dr Luh Suryani) က မကြာခင်က အဲဒီ ရာ​ပေါင်း​များ​စွာ​သော လူနာ​တွေကို ​တွေ့​ရှိခဲ့​ပြီး​၊​ သူတို့​အတွက် တခုခုလုပ်မှ ဖြစ်​တော့​မယ်လို့​ ဆုံး​ဖြတ်ခဲ့​ပါတယ်။ အဲဒီ ဆရာဝန်အမျိုး​သမီး​နဲ့​အတူ သတင်း​ထောက် ‘​ရေဘာကာ ဟန်ရှကီ’(Rebecca Henschke) က အ​ရှေ့​ဘာလီကျွန်း​က လူနာ​တွေဆီ သွား​ရောက်ခဲ့​ပြီး​၊​ ဘာ​ကြောင့်​ သူတို့​ကို မိသား​စု​တွေက ရိုင်း​ပြစွာ ဆက်ဆံ​နေသလဲဆိုတာ ​မေး​မြန်း​ သတင်း​ပေး​ပို့​ထား​တာကို နား​ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013