DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပေးရန် လွှတ်တော် ဆုံးဖြတ်ချက် လွဲမှားဟု ယူအန်အေ ပြော
DVB
·
March 18, 2017
ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပေးရန် လွှတ်တော် ဆုံးဖြတ်ချက် လွဲမှားဟု ယူအန်အေ ပြော
Donate to DVB

ပြည်သူ့လွှတ်တော်က ဒေသခံလူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာဟာ အင်မတန်လွဲမှားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ယူအန်အေက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မယ်ဆိုရင် ကိုယ်စားလှယ်မဲအများစုဖြစ်နေပါစေ ရှင်းရှင်းလင်းလင်း ရှောင်ရှားရမယ်၊ ယူအန်အေ အနေနဲ့ ဒေသခံပြည်သူများရဲ့ဆန္ဒကို လေးစားထောက်ခံ နေမယ်လို့လည်း ဖော်ပြထားပါတယ်။

ယူအန်အေဟာ ရှမ်း၊ ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသားဒီမိုကရေစီပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပြီး ရွေးချယ်ခံအစိုးရအပေါ် ဝန်းရံအားပေးနေတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်း တခုလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အမည်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဟာ နောင်တချိန်ချိန်မှာ  တိုင်းရင်းသားအားလုံးရဲ့  ဘဝလုံခြုံရေးအထိ ထိခိုက်လာစေမလားလို့  စိတ်ပူပန်မှု ဖြစ်ရတဲ့အကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၁၇ ရက်မှာ ရပ်နားခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း သံလွင်တံတား ချောင်းဆုံကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013