DVB Logo
Home
မြန်မာသတင်း
ကော့မှူးတွင် မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မဲဆန္ဒရှင်အသိပညာပေးမှုများ ဆောင်ရွက်
DVB
·
March 18, 2017
ကော့မှူးတွင် မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မဲဆန္ဒရှင်အသိပညာပေးမှုများ ဆောင်ရွက်
1 / 6
Donate to DVB

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းမှာ မဲဆန္ဒရှင်အသိပညားပေးလုပ်ငန်းတွေကို မတ်လ ၁၈ ရက်နေ့က လိုက်လံဆောင်ရွက်နေပါတယ်။

အခုလို ဆောင်ရွက်တာဟာ ကော့မှူးမြို့နယ်မှာရှိတဲ့ မဲပေးခွင့်ရှသူအားလုံး ရွေးကောက်နေ့မှာ ပါဝင်လာအောင်နဲ့ ဒီနေရာမှာရှိတဲ့ မသန်စွမ်းတွေလည်း မဲပေးတာမှာပါဝင်လာအောင် ဆောင်ရွက်တာလို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က စီမံကိန်းညှိနှိုင်းရေး တာဝန်ယူထားတဲ့ မသိမ့်သိမ့်ဖူးကပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ဟာ မသန်စွမ်းသူတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရေးအတွက် မသန်စွမ်းသူများ လွယ်ကူစွာမဲပေးနိုင်မယ့် မသန်စွမ်းသူများအကျုံးဝင်မဲရုံတွေကို ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ ကော့မှူး၊ ထန်တလန်နဲ့ မုံရွာမြို့တို့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013