DVB Logo
Home
မြန်မာသတင်း
၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကို ဖမ်းဆီး
DVB
·
March 18, 2017
၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကို ဖမ်းဆီး
Donate to DVB

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးကမ်းရပ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို မြိတ်ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

အင်းလေးကမ်းရပ်မှာ နေထိုင်တဲ့ မထွေးငယ် အသက် ၁၄ နှစ်ဟာ မတ်လ ၁၄ ရက်နေ့က  နေအိမ်မှ နောက်လယ်ရပ်ရှိ စံရိပ်နွယ် အလှပြင်ဆိုင်ကို အလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၃ ရက်အကြာမှာ အလှပြင်ဆိုင်က မထွေးငယ်အား အလုပ်လွှတ်ပေးဖို့ အလုပ်မလာတာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖုန်းနဲ့အကြောင်းကြားခဲ့မှ သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရလို့ ရပ်ကွက်အတွင်း လိုက်လံရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘဲ မတ်လ ၁၆ ရက်မှ မထွေးငယ်ဟာ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူအား မေးမြန်းချက်အရ အလုပ်ထွက်လာစဉ် ထူးထူးတိုးရေခဲစက်အနီးအရောက်မှာ အလုပ်နောက်ကျနေလို့ အသိဖြစ်သူ မျိုးငယ်ကို ဖုန်းဆက်ပြီးအကူညီတောင်းကြောင်း၊ မျိုးငယ်က လိုက်ပို့ပေးမယ့်အကြောင်းနဲ့ အလုပ်ကိုခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ မျိုးငယ်ရဲ့ ဆောက်လက်စလက်ဖက်ရည်ဆိုင်ကို လိုက်သွားခဲ့ရာမှ အိပ်ခန်းအတွင်း ခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရကြောင်း၊ ဒီနောက်မှာတော့ ဇော်ငယ်နဲ့ ကြည်လွင်တို့ကလည်း သားမယားမအဖြစ်ပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက ပြန်လည်ပြောပြကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မထွေးငယ်ရဲ့ အမေဖြစ်သူက ရဲစခန်းမှာ တရားလိုအဖြစ် တိုင်ကြားခဲ့လို့ မျိုးငယ် ပါ ၃ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၄၃ အရ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားကြောင်း မြိတ်ရဲစခန်းက ပြောပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013