DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ်တွင် အိုင်အက်စ်သံသယရှိသူ ၂ ဦး ဖမ်းမိ
DVB
·
March 18, 2017
အိန္ဒိယ-မြန်မာနယ်စပ်တွင် အိုင်အက်စ်သံသယရှိသူ ၂ ဦး ဖမ်းမိ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရနယ်မှာ အိုင်အက်စ် သံသယရှိသူ ၂ ဦးကို အာသံရိုင်ဖယ်တပ် (အေအာ) အရာရှိတွေက ဖမ်းဆီးမိတယ်လို့ အိန္ဒိယတူဒေးသတင်းမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပြောကြားချက်အရ မိုရေးမြို့ကိုသွားတဲ့ ခူဒန်သဘီစစ်ဆေးရေးဂိတ်မှာ ထောက်လှမ်းရေးတွေက သူတို့ရဲ့လှုပ်ရှားမှုကို သိရှိပြီးနောက် ဒီအိုင်အက်စ်သံသယရှိသူ ၂ ဦးကို မတ်လ ၁၄ ရက်နေ့မှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးဟာ နာဇာမိုဟာမက်နဲ့ အဘူဘာကာဖြစ်ပြီး တောင်ပိုင်းအိန္ဒိယပြည်နယ်တစ်ခုဖြစ်တဲ့ တမီးနာဒူပြည်နယ်မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ကနဦး စစ်ကြောမေးမြန်းပြီးနောက် သူတို့ ၂ ဦးဟာ မတ် ၉ ရက်နေ့မှာ ရှနန်းဒေသက ခရီးစတင်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့မှာ မဏိပူရကို ရောက်ရှိတယ်လို့ သိရပါတယ်။

စစ်ကြောရေးကာလအတွင်း နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ဒီတစ်ကြိမ်လာတာက သူတို့ရဲ့ဒုတိယအကြိမ် ခရီးလို့ သိရပါတယ်။

သူတို့လက်ထဲကနေ မိုဘိုင်းလ်ဖုန်း ၄ လုံး၊ နိုင်ငံတကာသုံး ဆင်းမ်ကတ် ၆ ခု အပါအဝင် ၁၄ ခု စတာတွေကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

အေအာရဲ့ပြောကြားချက်အရ သူတို့မိုဘိုင်းလ်ဖုန်းတွေထဲမှာ ဒူဘိုင်း၊ ဘင်္ဂလားဒေ့ရှ် အင်ဒိုနီးရှား မလေးရှား၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနဲ့ ကာတာနိုင်ငံတွေက လူတွေရဲ့ အဆက်အသွယ်တွေကို တွေ့ရတယ်လို့ သိရပါတယ်။

“သူတို့ ၂ ဦးက အိုင်အက်စ်တပ်ဖွဲ့အတွက် အလုပ်လုပ်တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အိုင်အက်စ်ရဲ့ တပ်သားသစ်စုဆောင်းရေးနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်မှုအပိုင်းကိုလည်း ထည့်မတွက်လို့ မရဘူး” လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013