DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အပေါ် တရုတ်နှင့်ရုရှား ကန့်ကွက်
DVB
·
March 18, 2017
ရခိုင်အရေး ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အပေါ် တရုတ်နှင့်ရုရှား  ကန့်ကွက်
Donate to DVB

ရခိုင်ပြည်နယ်အခြေအနေတင်းမာမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စိုးရိမ်ကြောင်း မတ်လ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့မှုကို တရုတ်နဲ့ရုရှားနိုင်ငံတို့က ကန့်ကွက်လိုက်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တယ်၊ အလွန်ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ၄ လကြာအောင် ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းဖော်ထုတ်သူတွေက ပြောလိုက်တာပါ။

ဗြိတိန်သံအမတ်ဖြစ်သူ မက်သရူးရီကရော့ဖ်တ်ကတော့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်မှုအပေါ် အားလုံးက သဘောတူလက်ခံတာမျိုး မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံရဲ့နယ်မြေအချို့မှာ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်နေတာအပေါ် သိရှိစိုးရိမ်ကြောင်းနဲ့ အဲ့ဒီဒေသတွေအားလုံးမှာ အရေးကြီးလှတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိအောင် အလေးထားဆောင်ရွက်ခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ဗြိတိန်နိုင်ငံရဲ့ သံအမတ် ရီကရော့ဖ်ထ်က “ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပြီး ရခိုင်ပြည်နယ်အပါအဝင် နှစ်ဦးနှစ်ဖက်လုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထောက်ပံ့နေတဲ့ အကြီးမားဆုံး အလှူရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ပေမယ့် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့ ထောက်ခံမှုအပေါ် လုံးဝမူတည်နေပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က တရားလက်လွတ်သတ်ဖြတ်မှု၊ လက်နက်ကိုင်အဓမ္မကျင့်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်နိုင်ခြေတွေ ရှိခဲ့တယ်လို့  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013