DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် တရားမဝင် သစ်စက်နှင့် သစ်ခွဲသားများ ဖမ်းမိ
DVB
·
March 18, 2017
ဗန်းမောက်မြို့နယ်တွင် တရားမဝင် သစ်စက်နှင့် သစ်ခွဲသားများ ဖမ်းမိ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်မောက်မြို့နယ် ခေါင်းတုံး ကျေးရွာအနီးမှာ မတ်လ ၁၆ - ၁၇ ရက်နေ့တွေက တရားမဝင်သစ်စက်နဲ့ သစ်ခွဲသားတွေ နှစ်ရက် ဆက်တိုက် ဖမ်းဆီးရမိခဲ့ပါတယ်။

တပ်မတော် စစ်ကြောင်းမှ ခေါင်းတုံးကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာ သစ်တောအတွင်း စုပုံထားတဲ့ ကျွန်းသစ်လုံး ၃၆ လုံး ၁၁.၆၇ တန်၊ တရားမဝင် သစ်ခွဲစက် ၁ လုံး လွှဝိုင်း၊ ပူလီ ၊ ရှပ်၊ ပတ်ကြိုး ဆက်စပ် ပစ္စည်းမျိုးစုံ သစ်လုံး ၁၉ လုံး ၁၅ တန်၊ သစ်ခွဲသား ဆိုဒ်စုံ ၃ တန် တို့ကို ဖမ်းမိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၇ ရက်နေ့က ခေါင်းတုံး ကျေးရွာရဲ့ အရှေ့ဘက် တောအတွင်းကို ဆက်လက်နယ်မြေ ရှင်းလင်းရာ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂.၁၂၇၄ တန်၊ ချိန်းဆော ၁ လက် တို့ကို တွေ့ရှိဖမ်းမိခဲ့တာပါ။

စုစုပေါင်း သစ်လုံး ၅၅ လုံး ၂၆.၆၇ တန်၊ သစ်ခွဲသား စုစုပေါင်း ၅.၁၂၇၄ တန်၊ သစ်နဲ့ သစ်ခွဲသား စုစုပေါင်း ၃၁.၇၈၇၄ တန် ကာလတန်ဖိုးငွေ ကျပ် သိန်း ၁၀၀ နီးပါး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်ခွဲစက်၊ သစ်ခွဲသားတွေနဲ့ သစ်လုံးတွေကို အင်းတော်မြို့နယ် ရဲစခန်းမှ ရဲအုပ် အောင်အောင်နဲ့ တောခေါင်း ရဲမြင့်သန်း၊ ဗန်းမောက်မြို့နယ် မံထုံ ရဲကင်းမှူး ရဲအုပ်မင်းမော်နဲ့ တောအုပ်ကြီး ဦးပြည်လင်းတို့ထံ စနစ်တကျ အပ်နှံထားတယ်လို့ ဆိုပါတယ်။

သီဟဆွေ(ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013