DVB Logo
Home
မြန်မာသတင်း
ရာဇကုမာရ်ကျောက်စာထက် စောနိုင်သည့် ကျောက်စာတချပ်တောင်သာ၌တွေ့ရှိ
DVB
·
March 18, 2017
ရာဇကုမာရ်ကျောက်စာထက် စောနိုင်သည့် ကျောက်စာတချပ်တောင်သာ၌တွေ့ရှိ
Donate to DVB

တောင်သာမြို့နယ် ဆင်ဖြူကျေးရွာ တောကျောင်းစေတီဝန်းအတွင်းမှာ ပုဂံခေတ်ကျောက်စာတွေထဲမှာ အထင်ကရဖြစ်တဲ့ ရာဇကုမာရ်ကျောက်စာထက် စောနိုင်ခြေရှိတဲ့ ကျောက်စာတချပ်ကို တွေ့ရှိခဲ့ပါတယ်။

ဒီကျောက်စာကို ပခုက္ကူတက္ကသိုလ် သမိုင်းဌာန အငြိမ်းစား တွဲဖက်ပါမောက္ခ ဦးခင်မောင်ဆွေက တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီကျောက်စာဟာ မြစေတီကျောက်စာထက် လေးနှစ်လောက် စောနိုင်ဖွယ်ရှိ တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတချို့ကလည်း ယူဆနေကြပါတယ်။

အနော်ရထာမင်းကြီး နန်းတော်ရာတူးဖော်မှုဌာနစိတ် ဒု/ဦးစီးမှူး ဦးကိုကိုနိုင်က “တွေ့ရတဲ့ ကျောက်စာတွေထဲမှာ အစောဆုံးလို့သတ်မှတ်ထားတဲ့ ရာဇကုမာရ်ကျောက်စာမှာ ၄၇၄ ခုနှစ်ဆို ပြီးတော့ စာသက္ကရာဇ်နဲ့ရေးထိုးထားတာကို တွေ့ရှိသော်လည်းပဲ ခုဒီကျောက်စာမှာတော့ ၄၇၀ လို့ ယူဆရသော သက္ကရာဇ်ရေးထိုးမှုကို တွေ့ရှိရပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

ကျောက်စာမှာရေးထိုးထားတဲ့စာတချို့ကို လေ့လာကြည့်ခြင်းအားဖြင့် ဒီကျောက်စာဟာ ရာဇကုမာရ် ကျောက်စာနဲ့ ဆက်စပ်မှုရှိနိုင်ပြီး သေချာတဲ့အချက်အလက်ရဖို့ ကျောက်စာကို ခေတ်မီနည်းပညာနဲ့ ဆေးကျောသန့်စင်ကာ စာလုံးတွေကို သေချာရှင်းရှင်းလင်းလင်းဖတ်ရမှသာ အတိအကျ ပြောနိုင်မယ်လို့ ဒီကျောက်စာကိုတွေ့ရှိခဲ့သူ ပခုက္ကူတက္ကသိုလ် သမိုင်းဌာန အငြိမ်းစားတွဲဖက်ပါမောက္ခ ဦးခင်မောင်ဆွေက ကပြောပါတယ်။

“ရာဇကုမာရ်လို့ တပြည်လုံး သင်ထားတဲ့ကျောက်စာက ပါတဲ့ ရွာသုံးရွာရှိပါတယ်။ ရဘဲ ရယ်၊ ဟေဘို ရယ်၊ သက်မုတနွန် ရယ်။ အဲဒီရွာ သုံးရွာကိုလေ့လာတဲ့အခါမှာ ရဘဲဆိုတာက ယနေ့ရှိနေသေးတယ်။ ဒီကျောက်စာထဲမှာ ရဘဲဆိုတဲ့ စာလုံးကို တွေ့ရတဲ့အခါမှာ ကြိုးစားပြီးဖတ်ကြည့်ပါတယ်။ ဖတ်ကြည့်တဲ့အခါမှာတော့ မြစေတီ ကျောက်စာမှာပါတဲ့ ရွာနာမည်တွေရဲ့ သဘောသဘာဝကိုလည်း တွေ့ရတယ်။ နောက်တခါ အသေးစိတ်ကို ဖတ်မရတဲ့အခါမှာ မှန်းဆပြီးဖတ်တဲ့အခါမှာ အယူအဆက အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ဒါကို ကျနော်က ထုတ်ဖော်ပြီး ဘာကိုအကြောင်းပြုသလဲဆိုတော့ နိုင်ငံတော် အကြီးအကဲနဲ့ ဝန်ကြီးဌာနတွေက ခေတ်မီ နည်းပညာနဲ့ ဒီကျောက်စာကို ဆေးကျောလိုက်မယ် ဆိုရင်တော့ ကျနော်တို့ ပုံမှန်အမှန်တရားကို ပေါ်လာပါလိမ့်မယ်။”

ဒီတွေ့ရှိထားတဲ့ ကျောက်စာကို တောင်သာမြို့နယ် ဆင်ဖြူကျေးရွာ ဘုရားကြီးကျောင်းတိုက်မှာ ထိန်းသိမ်းထားပါတယ်။  လက်ရှိတွေ့ရှိထားတဲ့ကျောက်မှာလည်း လေးမျက်နှာလုံးမှာ ကျောက်စာရေး ထိုးထားတဲ့ အနေအထားရှိပြီး စာလုံးတွေက မှုန်ဝါးနေပါတယ်။ ဒီကျောက်စာတွေ့ရှိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားတယ်လို့လည်း သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013