DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် မီးကင်းစောင့်သည့်စနစ် တိမ်မြုပ်ပျောက်ကွယ်မှာ ဒေသခံများစိုးရိမ်နေ
DVB
·
March 18, 2017
ဝမ်းတွင်းမြို့တွင် မီးကင်းစောင့်သည့်စနစ် တိမ်မြုပ်ပျောက်ကွယ်မှာ ဒေသခံများစိုးရိမ်နေ
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်မှာ နွေရာသီကာလတွေအတွင်း ကျေးရွာ၂၁၈ ရွာနဲ့ မြို့ပေါ် ရပ်ကွက် ၆ ခုရှိ လမ်းဆုံလမ်းခွ မီးကင်းတဲတွေနဲ့ နာရီသံ ချောင်းခေါက်ခရာတုတ်ပြီး မီးသတိထားဖို့ ဆော်သြပြီး မီးကင်းစောင့်မီးကင်းလှည့် မှုတွေဟာ အကျိုးများစွာရှိနေပေမယ့် ၂၀၁၆ နဲ့ ၂၀၁၇ ခုတွေမှာ မတွေ့ရတော့လို့ တိမ်မြုပ်ပျောက်ကွယ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဝမ်းတွင်းမြို့နေ ဦးမောင်မောင်ဦးက “မင်္ဂလာဦးည မီးကင်းစောင့်ကျတယ်လို့ ဇာတ်ပွဲလူရွှင်တော်တွေ တောင် ရယ်စရာဟာသဖြစ်အောင် မီးကင်းစောင့် မီးကင်းလှည့်တဲ့အကျင့် ထွန်းကားခဲ့တာပေါ့” လို့ ပြောပါတယ်။”

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက “လုပ်အားပေးဆိုတာမရှိတော့ အရefမီးသတ်တွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။”

“ရွာပြင်က ကောက်ရိုးပုံတွေ၊ အမှိုက်ပုံတွေနားမှာ အမှတ်တမဲ့ လွှင့်ပစ်တတ်တဲ့ ဆေးလိပ်တိုတွေကြောင့် ကောက်ရိုးပုံတွေ မီးလောင်ရတာဒီလထဲမှာတင် ရွာနှစ်ရွာမှာဖြစ်တယ်။ ရွာက ကာလသားခေါင်းနဲ့ အဖွဲ့တွေ၊ အရံမီးသတ်တွေ၊ ငွေကြေးတတ်နိုင်သူတွေကို မီးကင်း၊ ရွာကင်းလုပ်ဖို့ လှုံ့ဆော်ထားပါတယ်” လို့ ညောင်ဦးဖိးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်ကပြောပါတယ်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးကင်းစောင့် မီးကင်းလှည့်စနစ် လုပ်ဆောင်ဖို့ ဇန်နဝါရီလဝက် အစည်းအဝေးမှာကတည်းက ပြောထားပါတယ်။ လိုအပ်တဲ့အကူအညီပေးဖို့လည်း အသင့်ပါပဲ မီးကင်းစောင့် မီးကင်းလှည့်စနစ်က မီးတင်မကဘူး။ သူခိုးတို့ သူဝှက်တွေကိုပါ အကာအကွယ်ပြုတယ်။ ကောင်းတဲ့အကျိုးဆက်များတယ်လို့ ပြောပါတယ်။

မတ်လ ၆ ရက်မှာ သင်္ကန်းဆွဲကျေးရွာမှာ ကောက်ရိုးပုံ ၁၅ ပုံ၊ မတ်လ ၁၄ ရက်မှာ ရိုးရွာကျေးရွာတွင် ကောက်ရိုးပုံ ၂ ပုံမီးလောင်ကျွမ်းခဲ့ပြီး လေငြိမ်နေလို့ ရွာဘက်မီးမကူးခဲ့ပါ။ ဝမ်းတွင်းမြို့ ဒုတိယလမ်းမဘေး အမှိုက်ပုံ မကြာခဏ မီးလှန့်တတ်ပါတယ်။ မြို့နယ်တွင်းရှိ ဒေသခံတွေအနေနဲ့ ကောင်းတဲ့အကျိုးဆက်တွေရှိတဲ့ မီးကင်းစောင့်မီးကင်းလှည့်စနစ် တိမ်မြုပ်ပျောက်ကွယ်မှာ စိုးရိမ်နေကြပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013