DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ် အပင်နှင့်ရေပိုက်များအား ရိုက်ချိုးဖျက်ဆီးသည့် လူငယ်များကို ဖမ်းဆီး
DVB
·
March 18, 2017
မုံရွာတက္ကသိုလ် အပင်နှင့်ရေပိုက်များအား ရိုက်ချိုးဖျက်ဆီးသည့် လူငယ်များကို ဖမ်းဆီး
Donate to DVB

မုံရွာတက္ကသိုလ်တွင်းမှာ အလှစိုက်ပျိုးထားတဲ့ အပင်တွေနဲ့ ကျောင်းတွင်းမှာ အသုံးပြုနေတဲ့ ရေပိုက်ခေါင်းတွေအား ရိုက်ချိုးဖျက်ဆီးတဲ့ လူငယ် ၃ ဦးကို မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ရိုက်ချိုးဖျက်ဆီးမှုကြောင့် ကျူးဘားဘောအလှသစ်ပင် ၁ ပင်၊ ဖောစတေးအလှသစ်ပင် ၁ ပင်နဲ့ ရေပိုက်ခေါင်းတွေ ပျက်စီးသွားခဲ့ပါတယ်။

"သူတို့က ဒါတွေရိုက်ချိုးပြီး ဆိုင်ကယ်နဲ့ထွက်ပြေးတယ်။ ကျောင်းထဲမှာ တက္ကသိုလ်စာစစ်ဌာနမှာ လုံခြုံရေးပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆရာတွေက ပူးပေါင်းပြီး နောက်ကလိုက်တာ ကျောင်းအနောက်တောင်ဘက်ထောင့်လမ်းဆုံရောက်တော့ ဖမ်းဆီးမိတယ်။ ကျူးလွန်သူတွေက ကျောင်းသားတွေမဟုတ်ကြပါဘူး။ အပြင် အရပ်သားတွေပါ" လို့ မုံရွာမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအောင်က ပြောပါတယ်။

ကျူးလွန်သူတွေဟာ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ကြပြီး အာကာထက်၊ နေထက်လင်းနဲ့ မင်းမင်းဦး တို့ဖြစ်ကြောင်း သိရပါတယ်။

တက္ကသိုလ်ကျောင်းအတွင်းရှိ အပင်တွေနဲ့ ရေပိုက်ခေါင်းတွေအား ရိုက်ချိုးဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို မုံရွာမြို့ နယ်မြေရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013