DVB Logo
Home
မြန်မာသတင်း
မတ်လတွင်း ဆန်တန်ချိန် ၂ သိန်းကျော် ပြည်ပ တင်ပို့နိုင်ခဲ့
DVB
·
March 18, 2017
မတ်လတွင်း ဆန်တန်ချိန် ၂ သိန်းကျော် ပြည်ပ တင်ပို့နိုင်ခဲ့
Donate to DVB

အခု မတ်လအတွင်းမှာ  ပြည်ပကို ဆန် တန်ချိန် နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် မနှစ်က ပြည်ပ ဆန် တင်ပို့မှု စံချိန်ကို မီနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းရရှိပါတယ်။

ဒီနှစ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် မူဆယ် နယ်စပ်လမ်းကြောင့်ကနေ တရုတ်နိုင်ငံကို ဆန်တင်ပို့မှု လျော့ကျနေပေမယ့် ပင်လယ်ရေလမ်းကြောင်းကနေ အာဖရိကနိုင်ငံ ဈေးကွက်တွေကို ဆန်ပို့မှု တိုးမြှင့်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါ တယ်။

ပြီးခဲ့တဲ့ နှစ်တွေက ဥရောပနဲ့ အီးယူနိုင်ငံတွေကို တင်ပို့နေတဲ့  ဆန်ဈေး ကွက်မှာ  ၂၅ မှတ်တန် ဆန်ကြမ်း တစ်တန်ကို  အမေရိကန်ဒေါ်လာ ၃၀၀ ကျော် ရရှိခဲ့ပြီး ဒီနှစ်မှာတော့  တစ်တန်ကို အမေရိကန် ဒေါ်လာ၂၈၀ ခန့်နဲ့သာ ရောင်းချနေရပေမယ့် ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ကုန်သည်တွေအတွက်  တွက်ခြေကိုက် တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ပြည်ပကို ဆန်တန်ချိန် (၁ ဒသမ ၄) သန်းခန့် တင်ပို့နိုင်ခဲ့တာပါ။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013