DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် လူမှုကွန်ရက်မှ ခြိမ်းခြောက်နှောင့်ယှက်သူ ၁၂၈ ဦးကို တရားစွဲ
DVB
·
March 17, 2017
အစိုးရသစ်လက်ထက် လူမှုကွန်ရက်မှ ခြိမ်းခြောက်နှောင့်ယှက်သူ ၁၂၈ ဦးကို တရားစွဲ
1 / 2
Donate to DVB

ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း လူမှုကွန်ရက်မှ ခြိမ်းခြောက်နှောင့်ယှက်ခဲ့သူပေါင်း ၁၂၈ ဦးကို ဖော်ထုတ် တရားစွဲနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။

အန်အယ်လ်ဒီ အစိုးရသစ်သက်တမ်း တစ်နှစ်တာကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

အစိုးရသစ် တနှစ်တာကာလအတွင်း အမှုကြီး ၁ဝ မျိုး ၂၅၅၉ မှုနဲ့ တခြားအမှု ၁ဝ မျိုး ၅၄၁၁၄ မှုတို့ကို အရေးယူနိုင်ခဲ့ပြီး ကြိုတင်ကာကွယ်မှု ၁ဝ မျိုး ၁၆၅၁၂၆ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် လူမှုကွန်ရက်မှ ခြိမ်းခြောက်နှောင့်ယှက်တဲ့ အရေးယူမှု ၃၅၁ မှုအနက် ၉၂ မှုမှ တရားခံ ကျား ၁ဝ၄ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၁၂၈ ဦး ဖော်ထုတ်တရားစွဲတင်နိုင်ခဲ့တယ်၊ ကျန် ၁၇၅ မှုကတော့ စုံစမ်းဆဲဖြစ်ပြီး ၂၅ မှုကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့အမှုတွေ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေတဲ့ ကျောင်းသား ကျောင်းသူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆောင်ရွက်ရာမှာ ၂ဝ၁၆ ဧပြီ ၈ ရက်ကနေ ဇူလိုင် ၁ ရက်အတွင်း ရုပ်သိမ်းအမှုပေါင်း ၁၇၄ မှုနဲ့ ပိတ်သိမ်းအမှုပေါင်း ၁ဝဝ စုစုပေါင်း ၂၇၄ မှု၊ တရားခံ ကျား ၃၈ဝ၊ မ ၇၅ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၄၅၇ ဦးတို့ကို အမှုရုပ်သိမ်း၊ ပိတ်သိမ်းခဲ့တယ်လို့ ဒု-ရဲမှူးကြီးတင်ဝင်းက ပြောပါတယ်။

ငွေကြေးခဝါချအမှုပေါင်း ၉၃ မှု စိစစ်ဖို့ တာဝန်ပေးအပ်ခဲ့ပြီး ၅၆ မှု စိစစ်ဆောင်ရွက်နိုင်ခဲ့သလို စုံစမ်းစစ်ဆေးရတဲ့ တိုင်စာ ၆၈ မှုအနက် ၅၂ မှု ဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၆ မှု စစ်ဆေးဆောင်ရွက်ဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013