DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 17, 2017
Donate to DVB

နှမ်းနက်(စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၁၄၀၀၀၀ ဈေးရှိပြီးတော့ ကျပ် ၂၀၀၀ ဈေးတက်လာပါတယ်။

ပဲပုတ်
မန္တလေးကုန်စည်ဒိုင်မှာပဲ ပဲပုတ် ၁ အိတ်ကို ကျပ် ၇၀၀၀၀ ပေါက်ဈေးရှိနေပြီး ကျပ်  ၅၀၀၀ ဈေးတက်သွားတယ်။

ကြက်သွန်နီ
တဆက်တည်းမှာပဲ ကြက်သွန်နီ ၁ ပိဿာကို ၁၁၇၅ ကျပ် ပေါက်ဈေးရှိနေပြီးတော့ ၂၅ ကျပ် ဈေးကျသွားပါတယ်။

ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာတော့ ရွှေသခွား ၁ တန်ကို ငွေကျပ်  ၆၁၄၄၀၀ ကနေ ၆၉၁၂၀၀ ပေါက်ဈေးရှိနေပြီး ၃၈၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ပေါ်ဆန်း(ဆန်သစ်)
ဝါးတန်ကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းဆန်သစ် ၁ အိတ်ကို ကျပ် ၂၆၅၀၀ ကနေ ၃၉၀၀၀ ဈေးရှိပြီး ကျပ် ၁၀၀၀ ဈေးတက်သွားပါတယ်။

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ၁ တန်ကို ငွေကျပ် ၁၀၁၀၀၀၀ ပေါက် ဈေးရှိနေပြီး ကျပ် ၂၁၀၀၀ ဈေးကျသွားပါတယ်။

ပဲစင်းငုံနီ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ပဲစင်းငုံနီ ၁ တန်ကို ငွေကျပ် ၇၄၇၀၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၁၄၀၀၀ ဈေးတက်သွားပါတယ်။

ပဲတီစိမ်း
တဆက်တည်းမှာ ပဲတီစိမ်း ၁ ပိဿာကို ကျပ် ၂၀၂၀ ဈေးရှိနေပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013