DVB Logo
Home
မြန်မာသတင်း
တရုတ်ကို မကြောက်တဲ့သူရှိရင် ထွက်လာခဲ့ပါ - ဦးအောင်မင်း (ရုပ်သံ)
DVB
·
March 17, 2017
တရုတ်ကို မကြောက်တဲ့သူရှိရင် ထွက်လာခဲ့ပါ - ဦးအောင်မင်း (ရုပ်သံ)
Donate to DVB

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အများကြီး စိုးမိုးကြောင်းနဲ့ တရုတ်က ၀င်လုပ်ပေးမှရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ဦးအောင်နိုင်ဦး ရေးသားပြုစုတဲ့ “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ” စာအုပ် မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“တရုတ်ကတော့ သူက အန်စီအေထိုးဖို့ပဲ တိုက်တွန်းတယ်။ ဘာလို့လဲဆိုတော့ တရုတ်နဲ့ ကျေန်ာလည်း တွေ့ပါတယ်။ သူနဲ့ ကျနော်လည်း အကျေအလည် ဆွေးနွေးကြတယ်။ ဆွေးနွေးတော့ သူအန်စီအေကို လက်ခံတယ်။ သူပြောတဲ့နေရာမှာလည်း သူအန်စီအေကို လက်မှတ်ထိုးဖို့ပဲ ပြောပါတယ်။ သူအန်စီအေကို မထိုးဘူးလို့တော့ သူမပြောပါဘူး။ အဆင်သင့်မဖြစ်သေးရင် မထိုးနဲ့လို့ ပြောချင်ပြောမှာပေါ့နော်။ ထိုးဖို့ပဲ သူတိုက်တွန်းမှာပါ။

“တရုတ်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ အများကြီး စိုးမိုးတာပေါ့။ ခင်ဗျားတို့ကို အရင်တခါတုန်းက ကျနော်က တရုတ်ကို ကြောက်ရတယ်လို့ပြောတော့ ကျနော့်ကို ခင်ဗျားတို့က ၀ိုင်းချတယ်။ ကဲ… မကြောက်တဲ့သူရှိရင် ထွက်လာခဲ့။ အများကြီးစိုးမိုးတယ်ဆိုတာ ကျနော် ပြောချင် တယ်နော်။ ဘာလို့လဲဆိုတော့ ဒီနယ်နိမိတ်မျဉ်းတလျှောက်လုံးမှာ ကချင်၊ ရှမ်း၊ ၀၊ မိုင်းလား အကုန်လုံးက သူတို့နယ်စပ်မှာ။ အဲဒီနယ်စပ်မှာ ရှိတဲ့သူတွေအားလုံးဟာ သူတို့နိုင်ငံမှာပဲ ဆေးကုရ တယ်၊ ပညာသင်ရတယ်၊ ဈေးသွားဝယ်ရတယ်။ ကျနော်တို့မြန်မာနိုင်ငံနဲ့ သိပ်ဝေးတာကိုး။ အဲတော့ သူတို့ကို မှီခိုရတာ ပိုများတာကိုး။ နောက်အဲဒီမှာ ရှိတဲ့ ကချင်လူမျိုးတွေ သူ့ဆွေမျိုးတွေ ဟိုဘက် တရုတ်ပြည်ဘက်မှာ ကချင်တိုင်းရင်းသားတွေ ရှိတယ်။ ကိုးကန့်တိုင်းရင်းသားတွေ ရှိတယ်။ ဝ တိုင်းရင်းသားတွေ ရှိတယ်။ အဲဒီလူတွေကလည်း ဟိုဘက်မှာ သူဌေးတွေ ဖြစ်နေတယ်။ အဲဒီအဖွဲ့တွေ နဲ့လည်း ဆက်စပ်နေတယ်။ အဲဒီတော့ ဒီဘက်နဲ့ ဟိုဘက်ဆိုတာက နယ်ခြားမျဉ်းဆိုတာက ကျနော်တို့ က မြေပုံပေါ်မှာသာ ဆွဲပြီး ခွဲထားတာ။ အောက်မှာကျတော့ ဟိုဘက် ဒီဘက် ဆွေမျိုးတွေ။ ထိရင် နာကြတယ်၊ ပြုကြတယ်။ ပူပင်ကြတယ်။ ဒါတွေဟာ တရုတ်က ဝင်ပြီးတော့ မလုပ်ပေးလို့မရဘူး။ တရုတ် ဝင်လုပ်ပေးမှရမယ်။ ဒါကြောင့် တရုတ်က ဒီထဲမှာ ငြိမ်းချမ်းရေးရဖို့အတွက်က အများကြီး စိုးမိုးတယ်။ တရုတ် ဝင်လုပ်ပေးမှရမယ်။ လုပ်ပေးတာ ကောင်းတယ်။ ဒါပေမယ့် ကျနော့်တုန်းကတော့ တရုတ်ကို Observer အဆင့်ပဲ လက်ခံတယ်။ Observer တွေရဲ့ အမြင့်ထက်မြင့်ရင် ဆွေးနွေးညှိနှိုင်း တဲ့သူ၊ Facilitor တို့ ဘာတို့ ဆိုတာ ဖြစ်လာတယ်။ Observer ဆိုတာ အစည်းအဝေးမှာ လာထိုင်လို့ရတယ်။ ဆွေးနွေးပိုင်ခွင့် မရှိဘူး။ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အတွက် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013