DVB Logo
Home
မြန်မာသတင်း
အရက်ကြောင်ပြီး အမေနှင့်အစ်မကို ဓားဖြင့် ခုတ်မှုဖြစ်ပွား
DVB
·
March 17, 2017
အရက်ကြောင်ပြီး အမေနှင့်အစ်မကို ဓားဖြင့် ခုတ်မှုဖြစ်ပွား
Donate to DVB

တောင်ကြီးမြို့ ဖာမွန်းကျေးရွာအုပ်စု ဂနိုင်ငယ် အရှေ့ရွာမှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ခွန်သိန်းဟန်ဆိုသူက အရက်ကြောင်ပြီး အမေနဲ့အစ်မတို့ကို ဓားနဲ့ခုတ်လို့ အမေဖြစ်သူ အချင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် မနက် ၇ နာရီအချိန်က ခွန်သိန်းဟန်ဟာ အရက်ကြောင်ပြီး မိခင်ဖြစ်သူ ဒေါ်နန်းကြည်ကို မီးဖိုချောင်မှာ ညာဘက် ပါးပြင်နဲ့ နောက်စေ့ကို ဓားနဲ့နှစ်ချက်ခုတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ရဲစစ်ချက်အရ သိရပါတယ်။

အစ်မဖြစ်သူနန်းတင်ကတော့ အောက်ဘက်နှုတ်ခမ်းနဲ့ လည်ပင်းဓားဒဏ်ရာတို့မှာ ဒဏ်ရာ ရရှိခဲ့ပြီး စစ်စံထွန်းဆေးရုံမှာ ပို့ဆောင်ကုသပေးထားတယ်လို့ ဆိုပါတယ်။

မိခင်နဲ့ အစ်မကို ဓားနဲ့ခုတ်ခဲ့တဲ့ ခွန်သိန်းဟန်ဟာ မိမိကိုယ်မိမိ ဦးခေါင်းကို ဓားနဲ့ပြန်ခုတ်လို့ ဆေးရုံတင် ကုသထားရပါတယ်။

တရားခံ ခွန်သိန်းဟန်ကို ညီဖြစ်သူ ခွန်မောင်ယဉ်က တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၀၉ နဲ့ မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။

ခွန်ရာဇာ

ဓာတ်ပုံ-ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013