DVB Logo
Home
မြန်မာသတင်း
ဒီမိုက​ရေစီနှင့်​ နိုင်ငံသား​အခွင့်​အ​ရေး​များ​ ခံစား​ရ​ရေး​ ပြည်သူများ​ပါဝင်ရန် တိုက်တွန်း
DVB
·
January 4, 2012
ဒီမိုက​ရေစီနှင့်​ နိုင်ငံသား​အခွင့်​အ​ရေး​များ​ ခံစား​ရ​ရေး​ ပြည်သူများ​ပါဝင်ရန် တိုက်တွန်း
1 / 2
Donate to DVB

ဒီမိုက​ရေစီနဲ့​ နိုင်ငံသား​တို့​ရဲ့​ မူလအခွင့်​အ​ရေး​တွေ ခံစား​ရဖို့​ အတူတကွ သန္နိဋ္ဌာန်ချမှတ်လုပ်​ဆောင်ပါလို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြည်သူ​တွေကို တိုက်တွန်း​လိုက်ပါတယ်။

ဒီက​နေ့​ ကျ​ရောက်တဲ့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​မှာ တိုက်တွန်း​လိုက်တာဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​လွတ်လပ်​ရေး​အတွက် အသက်​ပေး​ကြိုး​ပမ်း​ခဲ့​ကြတဲ့​ ​ခေါင်း​ဆောင်ကြီး​တွေ ​မျှော်မှန်း​ထား​တဲ့ အခွင့်​အ​ရေး​နှစ်ရပ်စလုံး​ တိုင်း​သူပြည်သား​တွေ မခံစား​ရ​သေး​ဘူး​လို့​ ဒီက​နေ့​ ထုတ်ပြန်ချက်မှာ ​ဖော်ပြပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က “အဓိကအား​ဖြင့်​ သန္နိဋ္ဌာန်အ​ရေး​ကြီး​တယ်။ လွတ်လပ်​ရေး​ ရရှိဖို့​ ကြိုး​ပမ်း​ကာလမှာ လွတ်လွတ်လပ်လပ် ရှိဖို့​ ကြိုး​စား​ဆောင်ရွက်ကြတယ်။ ​ဆောင်ရွက်ရာမှာ သန္နိဋ္ဌာန်ချပြီး​တော့​ ဆုံး​ဖြတ်ချက်ချပြီး​တော့​ အား​လုံး​ပူး​ပေါင်း​ပါဝင် ​ဆောင်ရွက်ကြဖို့​ ဒါဟာ ကျ​နော်တို့​ လက်ရှိ အ​ခြေအ​နေမှာလည်း​ မပြီး​သေး​တဲ့​ အ​ခြေအ​နေ​နော် ဒါလူတိုင်း​သိတယ်။ ပြီး​ဆုံး​အောင် သန္နိဋ္ဌာန်ချ ​ဆောင်ရွက်ကြဖို့​ လိုပါတယ်” လို့ ပြောပါတယ်။

[caption id="attachment_19575" align="alignleft" width="300" caption="​ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်"][/caption]

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က လူတိုင်း​လွတ်လပ်မှုနဲ့​ ထိုက်တန်တဲ့​အ​ကြောင်း​ မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောဆိုပါတယ်။

“ကျမတို့​ရဲ့​ လွတ်လပ်​ရေး​ခေါင်း​ဆောင်ကြီး​တွေက လွတ်လပ်​ရေး​ရ​အောင် ယူခဲ့​တယ်ဆိုတဲ့​ ​နောက်မှာ ဘာရှိ​နေလဲဆို​တော့​ အင်မတန်မှ ခိုင်မာတဲ့​ယုံကြည်ချက်နဲ့​ ​လေး​နက်တဲ့​ သန္နိဋ္ဌာန်ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲဆို​တော့​ လူတိုင်း​ လူတိုင်း​ဟာ လွတ်လပ်မှုနဲ့​ ထိုက်တန်ဆိုတဲ့​ ယုံကြည်ချက်ပဲ။ သန္နိဋ္ဌာန်ဆိုတာ ဘာလဲဆို​တော့​ ထိုက်တန်ဆိုတာကို ကမ္ဘာကသိ​အောင် ပြနိုင်တယ်ဆိုတဲ့​ သန္နိဋ္ဌာန်ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်​တွေ သန္နိဋ္ဌာန်​တွေဟာ ကျမတို့​က ဆက်ပြီး​တော့​ ကိုင်စွဲသွား​ရမှာ ဖြစ်ပါတယ်။ လူတိုင်း​ လူတိုင်း​ဟာ လွတ်လပ်မှုနဲ့​ ထိုက်တန်တယ်။ ထိုက်တန်သလိုလည်း​ ​နေတတ်တယ်။ ထိုက်တန်ဆိုတာ အများ​က သိ​အောင်လည်း​ ပြနိုင်တယ်ဆိုတဲ့​ သန္နိဋ္ဌာန်နဲ့​ ကျမတို့​ ဆက်ပြီး​တော့​ သွား​ရမှာဖြစ်ပါတယ်။”

ပါတီဥက္ကဋ္ဌ ဦး​တင်ဦး​ကလည်း​ သဘာပတိမိန့်​ခွန်း​မှာ စည်း​လုံး​ညီညွတ်စွာ အလုပ်လုပ်ကြဖို့​ တိုက်တွန်း​ပြောဆိုပါတယ်။

[caption id="attachment_19576" align="alignright" width="300" caption="ဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ်"][/caption]

“ပစ္စုပ္ပန်နဲ့​ အနာဂတ် ကာလတို့​အတွက် တိုင်း​ရင်း​သား​ပြည်သူ အား​လုံး​တို့​အတွက် စည်း​လုံး​ညီညွတ်စွာနဲ့​ လွတ်လပ်​ရေး​စိတ်ဓာတ် နှစ်သစ်စိတ်ဓာတ်များ​ ​မွေး​မြူကြပြီး​ ကြံစည် လုပ်​ဆောင်သွား​ကြရမှာ ဖြစ်ပါတယ်။”

ဒီက​နေ့​ ရန်ကုန်မြို့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပတဲ့​ အခမ်း​အနား​ကို နိုင်ငံခြား​သံတမန်​တွေ၊​ ဝါရင့်​နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဖက်​တွေ၊​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​တွေနဲ့​ ပြည်သူ​တွေအပါအဝင် ဧည့်​ပရိသတ် ၁ ​ထောင်နီး​ပါး​ တက်​ရောက်ပါတယ်၊​။ ည​နေပိုင်း​မှာ လွတ်လပ်​ရေး​နေ့​ ​ဖျော်​ဖြေ​ရေး​အစီအစဉ် ထည့်​သွင်း​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ရုံး​မှာလည်း​ လွတ်လပ်​ရေး​နေ့​ အခမ်း​အနား​ ကျင်း​ပပါတယ်။ အခမ်း​အနား​မစမီ သံဃာ​တော် အရှင်သူမြတ်​တွေကို ဆွမ်း​ဆက်ကပ်ခဲ့​ပြီး​ ၁၁ နာရီခန့်​မှာ စတင်ပြီး​ ည​နေပိုင်း​မှာ ကဗျာရွတ်ဆိုပါတယ်။ အခမ်း​အနား​ကို ပရိသတ် ၁၀၀ ​ကျော် တက်​ရောက်ပါတယ်။ လွတ်လပ်​ရေး​နေ့​ အခမ်း​အနား​တွေကို မြို့​နယ်အသီး​သီး​မှာလည်း​ ကျင်း​ပကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013