DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တိုက်ပွဲ ဆက်ဖြစ်၊ တရုတ်​နယ်စပ်​ နန်းဆန်​စာသင်​​ကျောင်းဝင်းထဲ လက်​နက်​ကြီးကျ (ရုပ်သံ)
DVB
·
March 17, 2017
လောက်ကိုင်တိုက်ပွဲ ဆက်ဖြစ်၊ တရုတ်​နယ်စပ်​ နန်းဆန်​စာသင်​​ကျောင်းဝင်းထဲ လက်​နက်​ကြီးကျ (ရုပ်သံ)
Donate to DVB

မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ တရုတ်နိုင်ငံ နန်းဆန်မြို့မှာ ဒီနေ့ မနက်ပိုင်းက စာသင်ကျောင်းတခုရဲ့ ပန်းခြံထဲ လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျတာတော့ ဟုတ်တယ်။ အားလုံးသိတယ်၊ သိလို့လည်း ဗွီဒီယိုသွားရိုက်ခဲ့တာပဲလေ။ လူထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။ အဲကျောင်းက ပြီးခဲ့တဲ့ တိုက်ပွဲစဖြစ်ခဲ့တဲ့ မတ်လ ၆ ရက်နေ့ ကတည်းက ပိတ်ထားတာလေ။ ဘာလို့ပိတ်တယ်ဆိုတာတော့ သူက နယ်စပ်နဲ့ ၁ မိုင်ပဲ ကွာတာလေ။ သူတို့ လက်နက်ကြီးကျမှာဆိုးလို့ ပိတ်လိုက်တာ။ တော်သေးတာပေါ့ ပိတ်လိုက်လို့။ အဲကျောင်းက ကျောင်းဖွင့်ရင် ကျောင်းသားပေါင်း ၁၅၀၀ ကျော်လောက်ရှိတယ်" လို့ နန်းဆန်မြို့ ဒေသခံတစ်ဦးဖြစ်သူ ဝမ်အိုက်တင်က ပြောပါတယ်။

"လက်နက်ကြီးဘယ်နှလုံးလဲဆိုတာတော့ မသိသေးဘူးလေ။ ဘယ်သူမှလည်း အနီးကပ်သွားမကြည့်ရဲတာကိုး။ အဝေးကနေပဲ ဖုန်းနဲ့ရိုက်ရတာ။ ဒါက လူသူမြင်တဲ့နေရာဖြစ်နေလို့ တောထဲမှာ ကျတာလည်း နည်းတာမဟုတ်ဘူး။ ဒါပေမယ့် အဲတာတွေတော့ ဘယ်သူမှ သွားကြည့်နိုင်ဘူးလေ" လို့ သူက ဆက်ပြောပါတယ်။

နန်းဆန်မြို့ စာသင်ကျောင်းတခုရဲ့ ပန်းခြံထဲ လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ နန်းဆန် သတင်းဌာန တခုဖြစ်တဲ့ ကွမ်ပေါကျွေ သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013